မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃)ကြိမ် မြောက်အစည်းအဝေးတွင် ကုမ္ပဏီများမှ မှတ်ပုံတင်ဖျက်သိမ်းလိုကြောင်း တင်ပြလာသည့် ပိုးသတ်ဆေး (၁၂) မျိုးနှင့် (၆) လအထက် မှတ်ပုံတင်သက်တမ်းကျော်လွန်ပြီး သက်တမ်းတိုးရန်ပျက်ကွက်သည့် ပိုးသတ်ဆေး (၁၁) မျိုးအား မှတ်ပုံတင်ခွင့်ပြုထားသည့် ပိုးသတ်ဆေးစာရင်းမှ ပယ်ဖျက်ကြောင်း အသိပေးကြေညာထားသည်။
၎င်းဆေးများအား ဈေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် အဆိပ်ရှိပစ္စည်း (Active Ingredient) အမျိုးအစားနှင့် ကုန်သွယ်မှုအမည် (Trade Name) အလိုက်စမ်းသပ်မှုများကို စိစစ်သုံးသပ်ပြီး စမ်းသပ်မှုရလဒ်များ အောင်မြင်ခဲ့သော ပိုးသတ်ဆေးများကို ယာယီသုံးစွဲခွင့်မှတ်ပုံတင်အမျိုးအစားသို့ တိုးမြှင့်ခွင့်ပြုနိုင်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် အပြည့်အဝသုံးစွဲခွင့်ပြု မှတ်ပုံတင်အမျိုးအစားသို့ သက်တမ်းတိုးလျှောက်ထားလာသော ပိုးသတ်ဆေးများနှင့် သတ်မှတ်ကာလထက်ကျော်လွန်သော ပိုးသတ်ဆေးများအား ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စီမံဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
လက်ရှိအချိန်ထိ ပိုးသတ်ဆေးစုစုပေါင်း (၄၂၃၇) မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
