ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် လက်ဖက်အစိုကို ပြည်ပဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် အပင်များကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။
လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင်ကာ မြန်မာ့ လက်ဖက်အစိုကို ပြည်ပပို့ နှစ်စဉ် တန် (၂၀) ခန့် တင်ပို့လျက်ရှိပြီး တစ်ပိဿာလျှင် အမေရိကန်ဒေါ်လာ (၃) ဒေါ်လာရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့လက်ဖက်အစိုကို ဒူဘိုင်း၊ တရုတ်၊ ထိုင်ဝမ်၊ ဗြိတိန် စသည့် နိုင်ငံများသို့ စမ်းသပ်တင်ပို့နေသလို ကိုရီးယားနိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်ရန် လက်ဖက်ပင် စိုက်ပျိုးထုတ်လုပ်မှုကို တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သလို ရာသီဥတုအခြေအနေများကြောင့် ပျက်စီးမှု များပြားလာနေသည့်အတွက် အပင်များကို ပြုပြင်ထိန်းသိမ်းရန်လည်း လိုအပ်ကြောင်း သိရသည်။
သို့သော်လည်း ပြီးခဲ့သည့်လတွင် ရေနစ်မြုပ်မှုကြောင့် လက်ဖက်စိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့ရပြီး တောင်သူများအနေဖြင့်အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လက်ဖက်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး တရုတ်၊ အာသံ၊ ကိုးကန့်၊ အင်ဒိုချိုင်းနား စသည့် မျိုး (၄) မျိုးရှိပြီး မြန်မာနိုင်ငံတွင် အာသံမျိုးကိုသာ အဓိကစိုက်ပျိုးကြပြီး လက်ဖက်ကို နှစ်စဉ် ဖေဖော်ဝါရီမှ မေလဆန်းအထိကို ရွှေဖီချိန်ဟုခေါ်ကြပြီး ထိုကာလအတွင်း ထွက်ရှိသည့် လက်ဖက်သည် အရည်အသွေးအကောင်းဆုံးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
