မိုးလွန်ကာလ ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပေါ်တတ်သည့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းများကြောင့် ဖျက်မိုးရွာသွန်းတတ်သည့်အတွက် စိုက်ပျိုးရေး လုပ်ကိုင်သူများ သတိထားရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ အောက်တိုဘာ(၁၀) ရက်တွင် အသိပေးပြောဆိုထားသည်။
အောက်တိုဘာ (၁၄) ရက် ၊ ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း ပင်လယ်ပြင်တွင် လေဖိအားနည်းဆဲလ်(Low Pressure Cell) တစ်ခု စတင်ဖြစ်ပေါ်နိုင်ပြီး အောက်တိုဘာ(၁၆) ရက် နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံအလယ်ပိုင်းအား ကျော်ဖြတ်ပြီးနောက် အာရေဗျပင်လယ်ဘက်သို့ ရောက်ရှိသွားနိုင်မည်ကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမည် မဟုတ်သော်လည်း အရှေ့ဘက်မှ လေစီးကြောင်းကို အားကောင်းစေပြီး ကပ္ပလီပင်လယ်၊ မုတ္တမကွေ့တို့တွင် အရှေ့လေအား ကောင်းလာမည်ဟု ၎င်းက ရေးသားထားသည်။
ထို့ကြောင့် ထိုင်းပင်လယ်ကွေ့နှင့် တောင်တရုတ်ပင်လယ်ဘက်မှ မိုးတိမ်များပါလာခဲ့လျှင် မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြ ည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အခါလွန်မိုး(ဖျက်မိုး)များ ရွာသွန်းတတ်ကြောင်းနှင့် ကချင်ပြည်နယ်အတွင်း နေရာကွက်၍ မိုးများနိုင်ပြီး၊ ရေကြီးနေဆဲ ဒေသများတွင် မိုးရေချိန်များသော မိုးများ ရွာသွန်းနိုင်မည် မဟုတ်ဟု ၎င်းက ဆိုသ ည်။
ယနေ့ အောက်တိုဘာ (၁၀) ရက်မှာ မိုးနှောင်းကာလကျော်လွန်ပြီး မိုးလွန်ကာလအတွင်း စတင်ဝင်ရောက်ကာ အနောက်တောင်မုတ်သုံလေမှာမှာလည်း စတင်ဆုတ်ခွာနေပြီဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှလည်း ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
“မုတ်သုံလေဆုတ်ခွာချိန်မှာ မုတ်သုံမြောင်တန်း (MONSO ON TROUGH)က ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှ တောင်ပိုင်း အီကွေတာဘက်သို့ တဖြည်းဖြည်း နိမ့်ကျလာချိန်လည်း ဖြစ်ပါတယ်။ ဒီအချိန် မိုးလွန်ကာလအတွင်းမှာ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်တွေအတွင်း ဖြစ်ပေါ် တတ်တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံပေါ်ကို အရှေ့-အရှေ့မြောက်နဲ့ တောင်ဘက်အရပ်များဆီက မိုးတိမ်တွေသယ်ဆောင်လာတတ်ပြီး အခါ လွန်မိုး (ဖျက်မိုး)တွေ ရွာသွန်းတတ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် မိုးလွန်ကာလကုန်ဆုံးချိန် နိုဝင်ဘာ(၃၀) ရက်အထိ မိုးလေဝသ အခြေအနေများကို စဉ်ဆက်မပြတ် နားထောင်ပြီး စပါးရိတ်သိမ်းချိန်အတွင်း အပျက်အစီးများ မရှိရအောင် အမိုးအကာများ ကြိုတင်ဖုံးအုပ်ကာကွယ်ထားရန် စသည်ဖြင့် ပြင်ဆင်ထားသင့်ကြောင်း ၎င်းကဆိုသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
