ဘန်ကောက်၊အောက်တိုဘာ ၁၀
ပျူထိုင်းပါတီဦးဆောင်သည့်ညွန့်ပေါင်းအစိုးရသည် ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက နှစ်နိုင်ငံအငြင်းပွားခဲ့ပြီး ရပ်နားထားရသည့် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံတန် ကမ်းလွန်ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ကမ္ဘောဒီးယားနှင့်ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင်မည်ဟုသိရသည်။
ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင်ရာထူးမှထုတ်ပယ်ခံရပြီးနောက် စက်တင်ဘာလက အာဏာရယူခဲ့သည့် ဝန်ကြီးချုပ်သစ်ပေတုံတန်ကမူ ယခုအစီအစဉ်သည် ၎င်းဦးဆောင်သည့်အစိုးရ၏ ရည်မှန်းချက် ၁၀ ခုအနက် တစ်ခုဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့်ထိုင်းတို့သည် သဘာဝဓါတ်ငွေ့ ကုဗပေ ၁၀ ထရီလျံနှင့် ရေနံစိမ်းစည် သန်းပေါင်း ၃၀၀ ခန့်နှင့်ညီမျှသည့် စတုရန်းကီလိုမီတာ ၂၆,၀၀၀ ကျယ်ဝန်းသည့် အဆိုပါလုပ်ကွက်ကို ခွဲဝေအသုံးချရေးနှင့်ပတ်သက်ပြီးဆွေးနွေးရန် ယခုနှစ်အစောပိုင်းက သဘောတူညီခဲ့ကြသည်ဟုလည်းသိရသည်။
သို့သော် နှစ်နိုင်ငံအကြား အချုပ်အခြာအာဏာပြဿနာများအပါအဝင် သံတမန်ရေးရာသဘောထားကွဲလွဲမှုများဖြစ်ခဲ့ဖူးသည့်သမိုင်းကြောင်းကြောင့် ယခုညှိနှိုင်းရေးလုပ်ငန်းစဉ်သည် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း ကို လည်းပြောကြားခဲ့သည်။
သို့ရာတွင် ထိုင်းနိုင်ငံ၏ အချို့သောပြည်တွင်းဓါတ်ငွေ့ထုတ်လုပ်မှုနှင့် အရန်သိုလှောင်ထားမှုများ ကျဆင်းနေခြင်းအပါအဝင် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကိုပိတ်ပင်နိုင်မည့်နည်းလမ်းတစ်ခုဖြစ်သည့် ယခုအစီအစဉ်ကို နှစ်ဖက်အစိုးရများက အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ထိုင်းနိုင်ငံသားအချို့ကမျှော်လင့်လျက်ရှိကြသည်။
ကမ္ဘောဒီးယားအနေဖြင့်လည်း ယခုအစီအစဉ်ကို ထိုင်းနိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးရန် အဆင်သင့်ရှိပါကြောင်းနှင့် ထိုင်းအစိုးရသစ်က အဆင်သင့်ဖြစ်ပါက ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်းပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
Source : ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
