ဗီယန်ကျင်း၊အောက်တိုဘာ ၁၀
ဖိလစ်ပိုင်သမ္မတမားကို့စ်သည် အာဆီယံထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများနှင့်ပတ်သက်၍ ပြင်းထန်စွာ ပြောဆိုခဲ့ကြောင်းသိရသည်။
အာဆီယံထိပ်သီးအစည်းအဝေး ပထမ နေ့ ၌ မြန်မာ့အရေးကို အဓိကထားဆွေးနွေးကြပြီးနောက် ဒုတိယနေ့တွင် တောင်တရုတ်ပင်လယ်အရေးကိုဆွေးနွေးခဲ့ကြသည်။ မကြာသေးမီကာလအတွင်းကပင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့်ဖိလစ်ပိုင်သင်္ဘောများအကြား ထိတွေ့မှုများ မကြာခဏ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။
သမ္မတမားကို့စ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံေရး လုံခြုံရေးနှင့်ခွဲခြား၍ မရနိုင်ကြောင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီအားပြောကြားခဲ့ကြောင်းသိရသည်။
နိုင်ငံရေးမျက်နှာစာ၌ တင်းမာမှုများရှိနေစဉ် တရုတ်နှင့်အာဆီယံတို့သည် စီးပွားရေးမျက်နှာစာ၌ဟန်ဆောင်ခေါ်ပြောဆက်ဆံ၍ အဆင်ပြေမည်မဟုတ်ကြောင်း သမ္မတမားကို့စ်ကဆက်လက်ပြောကြားခဲ့သည်။
ထို့ကြောင့် နှစ်ဖက်စလုံးအနေဖြင့် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်နှင့်စည်းကမ်းပိုင်းဆိုင်ရာဆွေးနွေးမှုများကို အရှိန်ထပ်မြှင့်လုပ်ဆောင်သင့်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များက တောင်တရုတ်ပင်လယ်အရေးတွင် နိုင်ငံတကာဥပဒေများကိုလေးစားလိုက်နာကာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်တိုက်တွန်းထားပြီး လတ်တလော ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေသည့် ပြဿနာများကြောင့်လည်း တင်းမာမှုများ အရှိန်မြင့်တက်လာမည်ကိုစိုးရိမ်လျက်ရှိကြသည်။
Source : အာရ်အက်ဖ်အိုင်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
