ရီးယဲလ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရသည့် လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်က ဆုဖလားများရရှိခြင်းထက် အကောင်းဆုံးကြိုးစားခြင်းက မိမိအတွက် ပိုအရေးကြီးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အသက် (၂၆) နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမား အာနိုးလ်သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းက ပစ်မှတ်ထားနေကြောင်း သိရသည်။
သို့သော် အာနိုးလ်က ဆုဖလားများရရှိခြင်းမှာ အဓိကမဟုတ်ဘဲ ကစားသမားဘဝမှ အနားယူချိန်တွင် ၎င်းအနေဖြင့် အစွမ်းကုန်ကြိုးစားကစားခဲ့သည်ဆိုသောအချက်ကသာ အရေးကြီးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အာနိုးလ်က ''အီဇီနဲ့ ကျွန်တော် စကားပြောဖြစ်တယ်။ သူ့ကို ကျွန်တော်က ငါ့ဘဝမှာ ဆုဖလားတွေ ထပ်မရတော့တာမျိုး ဖြစ်နိုင်သလို၊ ဆုဖလားတွေ အများကြီး ထပ်ရတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဘောလုံးသမားတစ်ယောက်အတွက် အရေးကြီးတာက ကစားသမားဘဝက အနားယူချိန်မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး နောင်တရသလား ဒါမှမဟုတ် ကျေနပ်ရဲ့လားဆိုတဲ့အချက်ပါပဲ။ ကျွန်တော့်အနေနဲ့ ဆုဖလားတွေ၊ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေထက် ကျွန်တော် ဘယ်လောက်ကြိုးစားတယ်ဆိုတာက ပိုအရေးကြီးပါတယ်။ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကျွန်တော် အမြဲကြိုးစားတယ်။ ပါရမီရှိသလောက်ဖြစ်ဖို့က အရေးကြီးဆုံးပါပဲ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
