စီးရီးအေလက်ရှိချန်ပီယံ အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက စီးရီးအေချန်ပီယံဆုကို ရယူရန်ထက် ကာကွယ်ရန် ပိုမိုခက်ခဲကြောင်း ဝန်ခံပြောကြားခဲ့သည်။
စီးရီးအေပြိုင်ပွဲတွင် ၂၀၁၁-၁၂ ရာသီမှ ၂၀၁၉-၂၀ ရာသီအထိ ဂျူဗင်တပ်စ်အသင်း (၉) ကြိမ်ဆက်တိုက် ဗိုလ်စွဲပြီးနောက် ၂၀၂၁-၂၂ ရာသီမှ စတင်ကာ လက်ရှိချန်ပီယံအသင်းမှာ ၎င်းတို့၏ချန်ပီယံဆုများကို ကာကွယ်နိုင်ခြင်းမရှိတော့ပေ။
ပြီးခဲ့သည့် စီးရီးအေ (၄) ရာသီအတွင်း ချန်ပီယံ (၄) သင်းအထိ ထွက်ပေါ်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီတွင် အင်တာမီလန်၊ ၂၀၂၁-၂၂ ရာသီတွင် အေစီမီလန်၊ ၂၀၂၂-၂၃ ရာသီတွင် နာပိုလီနှင့် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် အင်တာမီလန်အသင်းတို့ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။
ယခုရာသီ စီးရီးအေပွဲစဉ် (၇) အပြီးတွင် နာပိုလီအသင်းက ရမှတ် (၁၆) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး လက်ရှိချန်ပီယံ အင်တာမီလန်အသင်းမှာ ရမှတ် (၁၄) မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
အဆင့် (၃) မှ အဆင့် (၅) အတွင်း အစဉ်လိုက်ရပ်တည်နေသည့် ဂျူဗင်တပ်စ်၊ လာဇီယိုနှင့် အူဒီးနီးစ်အသင်းတို့မှာ ရမှတ် (၁၃) မှတ်စီ ရရှိထားသည်။
အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက ''ရာသီသစ်မှာ အသင်းတိုင်းက အင်အားတွေဖြည့်တင်းပြီး ကျွန်တော်တို့ရဲ့ စီးရီးအေချန်ပီယံဆုကို လုယူဖို့ ကြိုးပမ်းနေတာကို ကျွန်တော်တို့ သိပါတယ်။ စီးရီးအေပြိုင်ပွဲမှာ ကျွန်တော်တို့အတွက် လွယ်ကူတဲ့ပွဲရယ်လို့ မရှိပါဘူး။ ပွဲစဉ်တိုင်းက ကျွန်တော်တို့အတွက် အန္တရာယ်များပြီး အမြဲတမ်း အကောင်းဆုံးခြေစွမ်းပြနိုင်မှ အဆင်ပြေမှာပါ။ အင်တာမီလန်အသင်းဟာ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်တာကြောင့် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ စိတ်ရော ကိုယ်ရော ပေးဆပ်နိုင်မှသာ အဆင်ပြေမှာပါ။ စီးရီးအေချန်ပီယံဆုကို ရယူဖို့ ခက်ပါတယ်။ ဒါပေမဲ့ ချန်ပီယံဆုကို ကာကွယ်ဖို့က ပိုပြီးတောင်ခက်ခဲပါတယ်။ စီးရီးအေချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ တစ်နေ့ပြီး တစ်နေ့ အကောင်းဆုံးကြိုးစားသွားရမှာပါ''ဟု ပြောကြားခဲ့သည်။
ဆီမြွန်နီအင်ဇာဂီသည် အင်တာမီလန်အသင်းကို ၂၀၂၁ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး နှစ်တိုင်း ဆုဖလားများ ရယူပေးနိုင်ခဲ့သည်။
ဆီမြွန်နီအင်ဇာဂီသည် အင်တာမီလန်အသင်းအား စီးရီးအေချန်ပီယံ (၁) ကြိမ်၊ ကိုပါအီတာလီယာဖလား (၂) ကြိမ်၊ စူပါကိုပါအီတလီယာဖလား (၃) ကြိမ် ရယူပေးထားသလို၊ ၂၀၂၂-၂၃ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
