ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အင်္ဂလန်ဂန္ထဝင် အလန်ရှီးယားက အာဆင်နယ်တိုက်စစ်ကစားသမား ဆာကာသည် အနာဂတ်တွင် အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
အသက် (၂၃) နှစ်အရွယ်ရှိ ဆာကာသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၂၀ ပြည့်နှစ်တွင် စတင်ကစားခွင့်ရခဲ့ပြီး လက်ရှိအချိန် (၄၂) ပွဲကစားထားကာ အသင်း၏အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။
အလန်ရှီးယားက ဆာကာသည် ဘောလုံးစွမ်းရည်ကောင်းမွန်သလို၊ အသက်အရွယ်နှင့်မလိုက်အောင် ရင့်ကျက်သည့်အတွက် အနာဂတ်တွင် အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အလန်ရှီးယားက ''အနာဂတ်မှာ ဆာကာအနေနဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာမယ်ဆိုရင် ကျွန်တော် အံ့သြမှာ မဟုတ်ပါဘူး။ အသင်းလိုအပ်ချိန်မှာ ရုန်းကန်နိုင်တဲ့ ကစားသမားတွေ သိပ်မရှိပါဘူး။ ဆာကာကတော့ အသင်းကို ကျဉ်းထဲကျပ်ထဲက ဆွဲတင်နိုင်သူပါ။ ဆာကာအနေနဲ့ အနာဂတ်မှာ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်လာမယ်လို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
