YouTuber အဖြစ်မှ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားအဖြစ် ပြောင်းလဲထိုးသတ်နေသည့် ဂျိတ်ပေါလ်က အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း မိုက်တိုင်ဆန်အား လေးချီအထိ အလဲထိုးခံရခြင်းမရှိပါက ဒေါ်လာငါးသန်း အပိုပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
အရပ်ခြောက်ပေ တစ်လက်မအမြင့်ရှိပြီး အသက် ၂၇ နှစ်သာရှိသေးသူ ဂျိတ်ပေါလ်နှင့် အရပ်ငါးပေ ၁၀ လက်မအမြင့်ရှိပြီး အသက် ၅၈ နှစ်ရှိပြီဖြစ်သူ မိုက်တိုင်ဆန်တို့၏ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲစဉ်ကို နိုဝင်ဘာ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အာလင်တန်မြို့ရှိ AT&T Stadium ကွင်း၌ ကျင်းပမည်ဖြစ်ပြီး Netflix မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းပွဲစဉ်ကို မူလက ဇူလိုင် ၂၀ ရက်တွင် ထိုးသတ်ရန်စီစဉ်ထားသော်လည်း မိုက်တိုင်ဆန်၏ ကျန်းမာရေးအခြေအနေကြောင့် နိုဝင်ဘာသို့ ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။
''မိုက်ကီ မိုက်ကီ၊ ကျွန်တော်နဲ့ လေးချီထက်ပိုကြာအောင် ခင်ဗျားထိုးနိုင်ရင် ကျွန်တော်က ခင်ဗျားကို ဒေါ်လာငါးသန်းပေးမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် 'ဂျိတ်ပေါလ်ကို ငါ ချစ်တယ်' ဆိုတဲ့တက်တူး ခင်ဗျားထိုးရမယ်'' ဟု ဂျိတ်ပေါလ်က ပြောကြားသည်။
၎င်းတို့နှစ်ဦးစလုံး၏ တောင်းဆိုမှုအရ အဆိုပါပွဲစဉ်ကို ပရော်ဖက်ရှင်နယ်ပွဲအဖြစ် ခွင့်ပြုပေးထားပြီး ၁၄ အောင်စလက်အိတ်ဖြင့် နှစ်မိနစ် ရှစ်ချီ ထိုးသတ်ရမည်ဖြစ်သည်။
မိုက်တိုင်ဆန်သည် ၂၀၂၀ ပြည့်နှစ်တွင် သရုပ်ပြလက်ဝှေ့ပွဲ နောက်ဆုံးထိုးသတ်ထားပြီး ဂျိတ်ပေါလ်မှာမူ ပရိုပွဲစဉ် ၁၁ ပွဲတွင် ၁၀ ပွဲအနိုင်ရကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
