ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့် ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ခံစစ်ပိုင်းကိုအားဖြည့်ပြင်ဆင်သွားရန် စီစဉ်နေပြီး ၂၀၂၅ နွေရာသီအတွင် အာဆင်နယ်အသင်းမှ ပြင်သစ်နောက်ခံလူ ဆာလီဘာအားခေါ် ယူသွားရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပြင်သစ်နာမည်ကျော်တိုက်စစ်မှူး ဘာပေတစ်ဦးတည်းကိုသာ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့ပြီး ငွေကြေးသုံးစွဲမှုမရှိထားသည့်အတွက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ခံစစ်ပိုင်းကို အားဖြည့်ရန်စီစဉ်နေခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကတည်းက ခံစစ်ပိုင်းကိုအကြီးစားပြင်ဆင်မှုပြုလုပ်ရန် စီစဉ်နေပြီး လိုင်လီအသင်းမှ ပြင်သစ်နောက်ခံလူ လီနေးရိုယို (၁၈ နှစ်)ကိုခေါ်ယူရန် အဓိကပစ်မှတ်ထားခဲ့သော်လည်း ကစားသမားမှာ ပြီးခဲ့သည့်နွေရာသီက မန်ယူအသင်းထံပြောင်းရွှေ့သွားခဲ့သည်။
ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် လာမည့် ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ခံစစ်ကစားသမားတစ်ဦး (သို့) နှစ်ဦးအထိခေါ်ယူသွားရန်စီစဉ်နေပြီး ဂျာမန်ကလပ်လိုက်ပ်ဇစ်အသင်းမှ ပြင်သစ်လက်ရွေးစင်နောက်ခံလူ လူကီဘာ (၂၁ နှစ်)၊ အေဂျက်စ်အသင်းမှ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဂျိုယဲလ်ဟာတို (၁၈ နှစ်)နှင့် ပါးလ်မီးရပ်စ်အသင်းမှ ဘရာဇီးလ်ယူ-၁၇ နောက်ခံလူ ဗစ်တာရီးစ် (၁၈ နှစ်)တို့ (၃)ဦးအားပစ်မှတ်ထားနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
ထို့ပြင်ရီးယဲလ်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားခေါ်ယူပြီးလျှင်ပင် လာမည့် ၂၀၂၅ နွေရာသီ၌ အကြီးစားပြင်ဆင်အားဖြည့်မှုအဖြစ် အာဆင်နယ်အသင်း၏ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဆာဘီလာ (၂၃ နှစ်) အားခေါ်ယူသွားရန် စီစဉ်ထားပြီးဖြစ်ကြောင်းသိရသည်။
လက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဆာလီဘာသည် အာဆင်နယ်အသင်းတွင် ဆက်ရှိရန်ဆုံးဖြတ်ထားသော်လည်း ရီးယဲလ်အသင်း၏ ကမ်းလှမ်းမှုအား ငြင်းဆန်နိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
ဆာလီဘာသည် အာဆင်နယ်အသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၉၂)ပွဲအထိကစားပေးထားပြီး PFA တစ်နှစ်တာအကောင်းဆုံးအသင်းတွင် (၂)ရာသီဆက်တိုက်နှင့် ယူရို-၂၀၂၄ ပြိုင်ပွဲ၏အကောင်းဆုံးအသင်းတို့တွင်ပါဝင်ခဲ့သူဖြစ်သည်။
ဆာလီဘာနှင့် အာဆင်နယ်တို့၏လက်ရှိစာချုပ်မှာ ၂၀ ၂၇ နွေရာသီအထိသက်တမ်းကျန်ရှိနေသေးပြီး အာဆင်နယ်အသင်းအနေဖြင့် ယခုနှစ်အတွင်း စာချုပ်သစ်ချုပ်ဆိုသွားရန်စီစဉ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
