တရားမဝင်ကုန်သွယ်မှုများကို ထိထိ ရောက်ရောက် မဖမ်းဆီးနိုင်ပါက တရားမဝင် ကုန်သွယ်မှုများ ကြီးထွားလာနိုင်သကဲ့သို့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအား သက်ဆိုးရှည်စေမည်ဖြစ်သဖြင့် တိုက်ဖျက် တားဆီးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
အောက်တိုဘာ ၉ ရက်က နေပြည်တော် ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည့် တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) တွင် နစကဒုတိယဥက္ကဋ္ဌက ထို သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
တရားမဝင်တင်သွင်းခြင်များကြောင့် အကျိုးဆက်အနေဖြင့် တရားဝင်လုပ်ငန်းများ ပြည်တွင်းတွင်စျေးနှုန်း မယှဉ်နိုင်ဘဲ စျေးကွက်ဝေစုပေးလိုက်ရခြင်းကြောင့် ရေရှည်တွင်လုပ်ငန်းရပ်တည်နိုင်ရန် ခက်ခဲလာစေပြီး တရား ဝင်ရပ်တည်လုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအင်အား လျော့နည်းကျ ဆင်းလာကာ ရေရှည်အတွက် လုပ်ငန်းတိုးချဲ့လိုစိတ်မရှိတော့ဘဲ လုပ်ချင်ကိုင်ချင်စိတ်များ ကျဆင်းလာနိုင်ကြောင်း၊ နောက်ဆုံးတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရပ် ဆိုင်းသွားနိုင်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံအတွင်း လုပ်ငန်းများရှင်သန်ကြီးထွားနိုင်ခြင်းမရှိပါက နိုင်ငံ၏စီးပွားရေးဦး တည်ချက်များကိုပါ ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ စီမံကိန်းများ အောင်မြင်မှုမရှိဘဲစိုက်ပျိုးစွမ်းအား၊ ကုန်ထုတ်စွမ်းအား၊ ကုန် သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုစွမ်းအားများကို ထိခိုက်စေကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချပြီး သွင်းကုန်ပစ္စည်းတင်သွင်းမှုကို စိစစ်ကန့် သတ်မှုအပေါ်တွင် အခွင့်ကောင်းယူပြီး ပြည်တွင်းလိုအပ်ချက်ရှိသည့် ကုန်စည်များကို တရားမဝင်တင်သွင်းမှုများ ပြုလုပ်နေသည်ကို ယခုကာလအတွင်း အများဆုံး တွေ့ရှိရကြောင်းလည်း နစကဒုတိယဥက္ကဋ္ဌက ပြော ကြားသည်။
ထို့ကြောင့် ၎င်းကို ထိထိရောက်ရောက် တားဆီးစစ်ဆေးဖမ်းဆီးနိုင်ရန်လိုပြီး မဆောင်ရွက်နိုင်ပါက နိုင်ငံအတွက် အခွန်ဝင်ငွေမရရှိဘဲ တရားမဝင်ကုန်သွယ်မှုများ ကြီး ထွားလာနိုင်သကဲ့သို့ လက်နက်ကိုင်အကြမ်း ဖက်အဖွဲ့အစည်းအသီးသီးကိုလည်း သက်ဆိုးရှည်စေမည်ဖြစ်ခြင်းကြောင့် တရားမဝင်ကုန်သွယ်မှုကို ထိထိရောက်ရောက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်တားဆီးရန်လိုကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် တရားမဝင်ကုန်စည်များ နယ်စပ်ဖြတ်ကျော်တင်သွင်းလာခြင်းကြောင့် ပြည်ပနိုင်ငံများမှတစ်ဆင့် ကူးစက်ရောဂါပိုးများပါဝင်လာပါက ပြည်တွင်းစိုက်ပျိုးမွေးမြူထုတ် လုပ်သည့်လုပ်ငန်းများတွင် ရောဂါကူးစက် ကာ ထိခိုက်ဆုံးရှုံးမှုများ ပေါ်ပေါက်စေမည် ဖြစ်ပြီး တရားမဝင်ဆေးဘက်ဆိုင်ရာပစ္စည်း များနှင့် အလှကုန်များကြောင့်လည်း ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေပြီး အရည်အသွေးပြည့်မီခြင်းမရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းအတုများကြောင့် မီးဘေးအန္တရာယ် ကြုံတွေ့ရနိုင်သည်ကိုလည်း သတိပြုရန်လိုအပ်မည်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ကုန်စည်တင်သွင်းမှုများတွင် အခွန်ပေးဆောင်ခြင်းမရှိဘဲ စံချိန်စံညွှန်းနှင့် အရည်အသွေးမပြည့်သည့် တရားမဝင်ကုန်စည်များ တင်သွင်းခြင်းကြောင့် နိုင်ငံခြားသုံးငွေမှောင်ခိုစျေးကွက် အားကောင်းလာစေပြီး တစ်ဖက်တွင်လည်း တရားမဝင်သယ်ယူရောင်းချရသည့်အတွက် တစ်ဖက်ကုန်သွယ်ဖက်နိုင်ငံများက ကုန်သည်များ၏ လိုသလိုစျေးကစားခွင့်ဖြစ်ပေါ်စေကြောင်း၊ တရားမဝင်ဆောင်ရွက်သည့်လုပ်ငန်းများ အားကောင်းလာခြင်းကြောင့်လည်း ပြည်တွင်းစျေးကွက်တွင် ကုန်စျေးနှုန်းတည်ငြိမ်မှုကို ထိခိုက်စေကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
