(၁၇)ရက်ကြာ ကျင်းပပြုလုပ်သွားမည့် Royal-D U19 Futsal ပြိုင်ပွဲကို ယနေ့ အောက်တိုဘာ (၁၀)ရက်တွင် စတင်ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စု အဖွင့်ပွဲစဉ်တွင် (၁၁)ဂိုးပြတ်အထိ သွင်းယူနိုင်သည့် အသင်းထွက်ပေါ်ခဲ့သည်။
ယနေ့ ပွဲစဉ်အတွင်း Insein City နှင့် United Phoenix FC တို့ယှဉ်ပြိုင်ကစားကြရာ Insein City က(၁၁)ဂိုး (၁)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီး၊ Teen Teenager နှင့် The Un derdog FC တို့ ယှဉ်ပြိုင်ကစားကြရာတွင်လည်း The Un derdog FC က (၈)ဂိုး (၃)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။
MFF Royal-D U19 Futsal Championship 2024 ပြိုင်ပွဲကို အသင်းပေါင်း (၃၂ ) သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး အောက်တိုဘာ (၁၀) ရက်မှ (၂၆) ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်း(၃၀)၊ ဒုတိယဆု ကျပ်သိန်း (၂၀ )နှင့် တတိယဆု ကျပ်(၁၅) သိန်းပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။
ယနေ့ ဖွင့်ပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်၊ ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဖူဆယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဦးထွန်းထွန်းအောင်၊ တွဲဖက် ထွေထွေ အတွင်းရေးမှုး ဦးစည်သူဝင်း၊ Royal -D မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
