ရန်ကုန်၊အောက်တိုဘာ ၁၀
ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက ယာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ပြီး အခက်အခဲကြုံခဲ့ရသည့်ဒေသများတွင် အသက် ၁၂ နှစ် အရွယ်သာရှိသေးသည့် မောင်ပေါများအမည်ရှိကလေ-းငယ်သည် လူပေါင်း ၁၀၀ ကျော်၏အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
၎င်း၏အသက်အရွယ်နှင့်မလိုက်သည့် လေးစားစရာစိတ်ဓါတ်ကြောင့် မောင်ပေါများကို လူသိများလာခဲ့ပြီး ပြည်တွင်းမီဒီယာများကသာမက ပြည်ပမီဒီယာများကပါ ၎င်းကို လေးစားစရာသူရဲကောင်း ကလေ-းငယ်အဖြစ်ဖော်ပြခဲ့ကြသည်။မောင်ပေါများသည် နေပြည်တော် လယ်ဝေးမြို့ အောင်သုခကျေးရွာ၌နေထိုင်သူတစ်ဦးဖြစ်သည်။
“ရေတက်လာလို့ ကယ်ဆယ်ရေးလုပ်တဲ့အချိန် တခါတလေ အရမ်းရေစီးသန်တဲ့အခါမျိုးတွေမှာ လက်ပါသုံးပြီး လှော်ရတာမျိုးတွေရှိတယ်။ သက်ကြီးရွယ်အိုတွေကိုဆိုရင် ကုန်းပိုးခေါ်ပြီး ကယ်ထုတ်ခဲ့ရတဲ့အခါတွေလည်းရှိပါတယ်” ဟု၎င်းကဆိုခဲ့ပြီး စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် သက်ကြီးရွယ်အိုများနှင့် အခြားလူများကို နေ့ရောညပါ တစ်ယောက်တည်း ကယ်ထုတ်ပေးခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်ကယ်သွားလို့ ဘေးကင်းတဲ့နေရာရောက်သွားတဲ့သူတွေကိုမြင်ရတာ ကျွန်တော်အရမ်းပီတိဖြစ်ရပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
မောင်ပေါများ၏အိပ်မက်သည် ဆရာဝန်တစ်ယောက်ဖြစ်ရန်ပင်။ လူအများ၏အသက်ကိုကယ်တင်လိုကြောင်း ၎င်းက ရင်ဖွင့်ခဲ့သည်။ သို့သော် ငွေရေးကြေးရေးအခက်အခဲကြောင့် သူ့ကို မူလတန်းအထိသာကျောင်းထားေပးနိုင်ကြောင်း တံငါသည်ဖြစ်သူဖခင်ကပြောကြားခဲ့သည်။
“သားလေးရဲ့လုပ်ရပ်အတွက် ပီတိဖြစ်ရပါတယ်၊သူကလှေလည်းကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်တော့ စိတ်အားထက်ထက်သန်သန်နဲ့ ကယ်ဆယ်ရေးကိုလုပ်နေတာများ အသက်ကယ်အင်္ကျီတောင်မဝတ်ဘူး” ဟုလည်း ပေါများ၏ဖခင် ဦးမင်းနိုင်ကပြောကြားခဲ့သည်။
မောင်ပေါများ၏ လေးစားစဖွယ်စိတ်ဓါတ်အကြောင်းကို လူသိများလာချိန်တွင် ကယ်ဆယ်ရေးအတွက် ၎င်းထံ ကို လှေနှင့်ငွေသားများပေးပို့လှူဒါန်းလာကြသည်။
“ကျွန်တော်တို့ဆိုရင် အသက် ၃၈ နှစ်ရှိပြီး သန်သန်မာမာအရွယ်ဖြစ်ပေမဲ့ ဖြစ်နေတဲ့အခြေအနေနဲ့ ရေစီးကိုကြည့်ပြီး ဘယ်ကဘယ်လိုစလုပ်ရမယ်မသိဖြစ်နေတဲ့အချိန် ပေါများက ကျွန်တော်တို့ကိုပြန်ကယ်ခဲ့တာပါ၊အသက်ငယ်ပေမဲ့တကယ်လေးစားစရာကောင်းတဲ့ကလေးပါ” ဟုလည်း ပေါများကယ်ပေးခဲ့သည့်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည့် ဦးငွေလှိုင်ကပြောကြားခဲ့သည်။
တစ်ရွာလုံး ဒုက္ခရောက်နေချိန်တွင် ၎င်း၏ကျွမ်းကျင်မှုကို အကျိုးရှိရှိအသုံးချကာ လူအများ၏အသက်ကိုကယ်တင်ပေးနိုင်ခဲ့သည့် သူရဲကောင်းမောင်ပေါများလေးကိုလည်း အများကဝိုင်းဝန်းချီးကျူးကာ လေးစားလျက်ရှိကြသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
