ရီးယဲလ်မက်ဒရစ်အသင်း၏ ကစားသမားဟောင်းဖြစ်သူ စပိန်လက်ရွေးစင်တိုက်စစ်မှူး ဟိုဆေးလူက ၂၀၂၄ Ballon d'Or ဆုမှာ ဗင်နီစီယပ်စ်ထက် ကာဗာဟယ်လ်နှင့် ပိုမိုထိုက်တန်သည်ဟု ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်ကစားသမားများဖြစ်သည့် ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်မ်နှင့် ကာဗာဟယ်လ်တို့သည် Ballon d'Or ဆုအတွက် အပြိုင်ရေပန်းစားနေသူများဖြစ်ပြီး ဟိုဆေးလူက ကာဗာဟယ်လ်မှာ ပိုမိုသာလွန်သည့်စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့သူ ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဟိုဆေးလူက ''ကျွန်တော်ကတော့ ဒီဆုကို ကာဗာဟယ်လ်ကိုပေးချင်ပါတယ်။ အချက်အလက်တွေအရ ဗင်နီစီယပ်စ်ဟာလည်း Ballon d'Or နဲ့ ထိုက်တန်သူပါ။ ဒါပေမဲ့ ကာဗာဟယ်လ်ဟာ ချန်ပီယံလိဂ်အပြင် ယူရိုချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့သူပါ။ ကျွန်တော့်အနေနဲ့ အသင်းဖော်ဟောင်း အားလုံးကို လေးစားမှုရှိပေမဲ့ ကာဗာဟယ်လ်ဟာ အားလုံးထက်ပိုမို သာလွန်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။
ကာဗာဟယ်လ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ACL ဒဏ်ရာရရှိခဲ့သည့်အတွက် ရာသီကုန်အထိ အနားယူရမည့်သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
