မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များ အလုပ်ခိုင်းစေမှု အငယ်ဆုံးအသက် ILO ပြဋ္ဌာန်းချက် အမှတ် (၁၃၈) ကို လက်မှတ်ရေးထိုးရန် စီစဉ်ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
နိုဝင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံ မှန်အစည်းအဝေး နမဝနေ့တွင် ဝက်လက်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၏ ကလေးသူငယ်များ အလုပ်ခိုင်းစေမှု အငယ်ဆုံးအသက်ဆိုင်ရာ ILO Convention No 138 ကို အတည်ပြုလက်မှတ်ရေးထိုးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို လွှတ်တော်၌ ပြန်လည်ဖြေကြားရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်များ အလုပ်ခိုင်းစေမှု အငယ်ဆုံးအသက်ဆိုင်ရာ ILO Convention အမှတ် -၁၃၈ ကို လက်ခံအတည်ပြုဖို့ ကျွန်တော်တို့ ၂၀၁၉ ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရတို့ ပူးပေါင်းပြီးတော့မှ အဆိုပါ Convention ကို လိုက်နာလက်မှတ်ရေးထိုးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ Convention နဲ့ပတ်သက်ပြီးတော့မှ လိုက်နာကျင့်သုံးဖို့အတွက် သင့် မသင့်ကိုလည်းပဲ ဌာနအတွင်း ဆွေးနွေးမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ညှိနှိုင်းဆွေးနွေးမှုနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြပြီးတော့မှ ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အားလုံး၏ သဘောတူခွင့်ပြုချက်ရရှိသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၁/ ၂၀၁၉) ကလည်း သဘောတူပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် နိုဝင်ဘာ ၂၆ ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အထက်ပါ အငယ်ဆုံးအသက် ILO ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးရေးအတွက်လည်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက “ပြည်ထောင် စုလွှတ်တော်ကြီးက အတည်ပြုခဲ့တယ်ဆိုရင် ဆက်လက်ပြီးတော့မှ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အငယ်ဆုံးအသက် ILO ပြဋ္ဌာန်းချက် အမှတ် ၁၃၈ ကို ဆက်လက်ပြီးတော့မှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အတည်ပြုနိုင်ရေး လက်ခံကျင့်သုံးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာဖြေကြားအပ်ပါတယ်” ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
