Top News

ဟိန္ဒူမျိုးနွယ်စုများ၏ ဒီပါဝလီ အထိမ်းအမှတ် မီးထွန်းပွဲတော် ကျင်းပ
24htopnews | October 11, 2024 5:12 AM CST

ဟိန္ဒူမျိုးနွယ်စုများ၏ ဒီပါဝလီအထိမ်းအမှတ် မီးထွန်းပွဲတော်ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်း အသင်းချုပ်ကြီးမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုု်င်း တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ သံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ ဘာသာရေး အဖွဲ့အစည်း အသီးသီးမှ ဘာသာရေးခေါင်းဆောင်များ တတ်ရောက်ခဲ့သည်။

ကြွရောက်လာသည့် ဧည့်သည်များက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ပန်းကုံးစွတ် ကြိုဆိုနှုတ်ဆက်ခဲ့ကြကာ ဆီမီးထွန်း၍ အခမ်းအနားကို စတင်ခဲ့သည်။

ထို့နောက် မြန်မာ အိန္ဒယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် အကြံပေး ဦးကျော်သူက ဒီပါဝလီပွဲတော် အကြောင်းအရာကို ပြောကြားခဲ့သည်။

ထို့ပြင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားခဲ့ပြီးနောက် သံရုံအသီးသီးမှ သံအမတ်ကြီးများက အမှာစကား ပြောကြားခဲ့သည်။

အမှာစကား ပြောကြားပြီးနောက် အိန္ဒယသံရုံးမှ အနုပညာရှင်များက ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ကြွရောက်လာသည့် ဧည့်သည်များကို ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 


READ NEXT
Cancel OK