Top News

မွန်ပြည်နယ်တွင် MIC ခွင့်ပြုပြီး ဒေသခံသဘောမတူက ခွင့်ပြုမည်မဟုတ်၍ ကုမ္ပဏီ၊ အစိုးရ ပူးပေါင်း၍ သဘောတူမှုရအောင် လုပ်ဆောင်ရမည်ဟုဆို
24htopnews | October 11, 2024 5:12 AM CST

မွန်ပြည်နယ်တွင် MIC ခွင့်ပြုပြီး ဒေသခံ သဘောမတူက လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ကြောင်း၊ ဒေသခံ သဘောတူမှု ရရှိစေရန် ကုမ္ပဏီ၊ အစိုးရ ပူးပေါင်းစည်းရုံး လုပ်ဆောင်ရမည်ဟု မွန်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

“ဒေသခံသဘောမတူရင် လုပ်ဆောင်ခွင့် မပြုပါဘူး။ ကုမ္ပဏီဘက်က အစိုးရနဲ့ပူးပေါင်းပြီး ဒေသခံ သဘောတူအောင် စည်းရုံးလုပ်ဆောင်ဖို့ လိုပါတယ်” ဟု ဝန်ကြီးဦးဝဏ္ဏကျော်က ပြောကြားသည်။

မော်လမြိုင် Strand Hotel တွင် နိုဝင်ဘာ ၃၀ ရက်ကကျင်းပသည့် (မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိန်ခေါ်မူများကို ကျော်ဖြတ်ခြင်း) စကားဝိုင်း၌ မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းအောင် Forever Thanlwin ကုမ္ပဏီ၏ မေးမြန်းမူအပေါ် မွန်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးဝဏ္ဏကျော်က ဖြေကြားခြင်းဖြစ်သည်။

ယင်းဖြေကြားမှုအပေါ် ဦးဇော်မင်းအောင်က ယင်းတို့အနေဖြင့် အနီးစပ်ဆုံး ဒေသခံများကို နားလည်သဘောပေါက်ရန် ရှင်းလင်းမည်ဖြစ်ပြီး ဖြစ်ပေါ်နိုင်မည့် ဆိုးကျိုးတို့ကို အကောင်းဆုံး နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ MIC ခွင့်ပြုချက်ဖြင့် အမေရိကန်ဒေါ်လာ ၆၃ သန်းမြုပ်နှံ၍ စတင်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားသည်။

ယင်းကုမ္ပဏီသည ်ရေးမြို့နယ်အံဒင် ရွာတွင်မြေ ဧက ၅၀ ကျော် ဝယ်ယူ၍ ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း တည်ဆောက်ရန် EIA, SIA ကို တတိယအဖွဲ့က ရေးဆွဲပြီး အောက်တိုဘာ ၁၄ ရက်က ဒေသခံများကို ချပြရန် စီစဉ်ထားသော်လည်း ပျက်သွားကြောင်း၊ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများ အကျိုးရှိပါက ကန့်ကွက်ရန် မရှိကြောင်း ဦးအောင်နိုင်ဝင်း ရေးမြို့နယ် အရပ်ဘက် အဖွဲ့စည်း ညှိနှိုင်းရေးမှူးက ပြောကြားသည်။


READ NEXT
Cancel OK