ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျောင်းစာသင်နှစ် ပြက္ခဒိန်တွင် ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ထည့်သွင်းရေးဆွဲ ဆောင်ရွက်နေကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် လူနာများ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးသတင်း အချက်အလက်စနစ် ပိုမိုအားကောင်းရေး၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေသကဲ့သို့ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ယခုနှစ်တွင် ဆက်လက်ဦးစားပေး၍ ဆက်တိုက်ပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ရန်ပုံငွေတွင် စီမံချက်များ ထည့်သွင်းလျာထား ရေးဆွဲ၍သော်လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေမှ လည်းကောင်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြားနှီးနွှယ်ဆက်စပ်တဲ့ ဌာနတွေအဖွဲ့အစည်းတွေ ပါဝင်တဲ့ အမျိုးသားရေလှုပ်ရှားမှုအသွင်နဲ့ အရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို ဇွန် ၁၂ ရက်နဲ့ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲက ဦးစားပေး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ခုနစ်ရပ်နဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဗဟိုအဆင့်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်၊ ခရိုင်နဲ့ မြို့နယ်အဆင့် ဆောင်ရွက်ဖို့လိုအပ်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ဖော်ထုတ်ခဲ့ကြပါတယ်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ခုနစ်ချက်တွင် မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသားကျောင်းသူများတွင် ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေးတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိ တစ်နိုင်ငံလုံးတွင် ကျောင်းကျန်းမာရေးအဖွဲ့ပေါင်း ၈၀ ခန့်ရှိပြီး ဝန်ထမ်းအင်အားအပြည့်မရှိသော မြို့နယ်များတွင် ဆရာဝန်များသာမက သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ၊ မြို့နယ်ကျန်းမာရေးမှူးများကိုပါ လိုအပ်သလို ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ပြီးပြည့်စုံသော ကျောင်းကျန်းမာရေးလုပ်ငန်းများအတွက် ငါးနှစ်တာ မဟာဗျူဟာစီမံကိန်း (၂၀၁၇-၂၀၂၂) ကို ချမှတ် ရေးဆွဲထားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ကျောင်းကျန်းမာရေး လုပ်ငန်းများကို ၁၉၂၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၅၁ ခုနှစ်က ကလေးသူငယ် ကျန်းမာရေးဌာနနှင့် မြို့ကြီးများတွင် ကျောင်းကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၇၈-၇၉ ခုနှစ်တွင် ပထမပြည်သူ့ကျန်းမာရေးစီမံချက် စတင်သည်မှ ကျောင်းကျန်းမာရေးလုပ်ငန်းကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကဏ္ဍတစ်ရပ်အဖြစ် ပေါင်းစည်း၍ ဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၀၀ ပြည့်နှစ် သြဂုတ် ၁၁ ရက် ရက်စွဲဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရုံးမှ ကျောင်းကျန်းမာရေးဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်းနှင့် အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၁၈ကို ထုတ်ပြန်ကာ ဗဟိုအဆင့် ကျောင်းကျန်းမာရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
