ပခုက္ကူ သီးနှံစျေးကွက်အတွင်း နိုဝင်ဘာလကုန်ပိုင်းမှစ၍ နှမ်းနက်အသစ်များ စတင်ဝင်ရောက်နေပြီး အရောင်းအဝယ် နည်းပါးသော်လည်း နှမ်းနက်တစ်တင်း ကျပ် ၇၈၀၀၀ အမြင့်ဆုံး ပေါက်စျေးရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။
စျေးကွက်အတွင်း ဝင်ရောက်နေပြီဖြစ်သည့် ပခုက္ကူဒေသထွက် နှမ်းနက်များအား ရန်ကုန်နှင့် မန္တလေးမြို့ ဝယ်လက်များမှ အများဆုံး ဝယ်ယူကြပြီး လက်ရှိတွင် ရန်ကုန်ဝယ်လက်များ ဝယ်ယူမှု ပိုမိုများပြားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှမ်းစျေးကွက် စတင်ချိန်တွင် တစ်တင်းကျပ် ၆၀၀၀၀ ခန့်သာ ပေါက်စျေးရှိပြီး ယခုနှစ်တွင် ယခင်နှစ်ပေါ်စစျေး တစ်တင်းလျှင် ကျပ် ၇၈၀၀၀ ပေါက်စျေးရှိသည့်အတွက် ယခင်နှစ်ထက် တစ်တင်း ကျပ် ၁၅၀၀၀ ခန့် ပိုမိုမြင့်တက်ခဲ့ကြောင်း သိရသည်။
“လက်ရှိတော့ နှမ်းစဝင်နေပြီ။ တစ်နေ့ကို အိတ်အပိုင်း ၁၀၀၀ လောက်ဝင်တယ်။ နောက်ရက်တွေမှာ ကုန်ဝင်ရောက်မှု များလာမယ်။ စျေးကွက်အနေနဲ့ကတော့ ရန်ကုန်သမား ဝယ်နေတယ်။ မနေ့ (နိုဝင်ဘာ၂၉ရက်) ကထက် ဒီနေ့မှာ အရောင်းအဝယ် နည်းနည်းအေးတယ်။ လာမယ့်ရက်တွေမှာ ဝယ်လက်ပေါ် မူတည်ပြီး စျေးအပြောင်းအလဲ ရှိနိုင်တယ်။ လက်ရှိ စျေးနှုန်းတွေအရ တောင်သူအနေနဲ့ မရှုံးနိုင်ဘူး။ အထွက်ကောင်းရင် ကောင်းသလို အကျိုးအမြတ်ရှိတဲ့ စျေးနှုန်းတွေပါ” ဟု ပခုက္ကူမြို့မှ သီးနှံရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုမျိုးအေးက ပြောကြားသည်။
ပခုက္ကူစျေးကွက်အတွင်း ဝင်ရောက်နေသည့် နှမ်းနက် (စမုန်) မှာ နိုဝင်ဘာ ၃၀ ရက် စျေးကွက်တွင် တစ်တင်းလျှင် ကျပ် ၆၅၀၀၀ မှ ကျပ် ၇၈၀၀၀ ထိ ပေါက်စျေးရှိပြီး နှမ်းနက် (ဂွနက်) မှာ တစ်တင်း ကျပ် ၆၇၀၀၀ ပေါက်စျေးရှိကြောင်း သိရသည်။
နှမ်းစျေးနှုန်းများ မြင့်တက်နေသော်လည်း ပခုက္ကူဒေသ နှမ်းစိုက်တောင်သူများမှာ နှမ်းစိုက်ပျိုးချိန်တွင် မိုးရရှိမှု နည်းပါးခဲ့သည့်အတွက် သီးနှံဖြစ်ထွန်းမှု လျော့နည်းပြီး အထွက်နှုန်း ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း တောင်သူများထံမှ သိရသည်။
“လက်ရှိစျေးနှုန်းတွေအရတော့ တောင်သူတွေ မရှုံးဘူး။ သို့ပေမဲ့ အထွက်နည်းတော့ အမြတ်ရဖို့ မသေချာဘူး။ မနှစ်က တစ်ဧက အနည်းဆုံး ငါးတင်းကနေ ၁၀ တင်းအထိရတယ်။ ဒီနှစ် မိုးမကောင်းတော့ တချို့အခင်းတွေ သုံးတင်းလောက်ပဲ အများဆုံး ရကြတယ်” ဟု တောင်သူ ကိုသက်ခိုင်က ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရောင်းဝယ်ခဲ့သည့် ယောဒေသထွက် နှမ်းနက်စျေးကွက်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၀၀၀၀ ခန့်ထိ ပေါက်စျေးရှိခဲ့ပြီး နယ်စုံဝယ်လက်များ ဝယ်ယူမှု များပြားခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူဒေသ တစ်ဝိုက်ရှိ တောင်သူများမှာ မိုးခေါင်မှုနှင့် အခြားပဲတီစိမ်း၊ ပဲစင်းငုံစျေးကွက်များ ကျဆင်းခြင်းများကြောင့် စျေးနှုန်းကောင်းမွန်သည့် နှမ်းကိုသာ အဓိကထား စိုက်ပျိုးနေကြပြီး နှမ်းနက်များမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ စံချိန်တင် စျေးနှုန်းမြင့်တက် လာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
