Top News

၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယခင်နှစ်ထက် ဖြေဆိုရန် လျှောက်ထားသူဦးရေ ရှစ်သောင်းကျော် များလာ
24htopnews | October 11, 2024 5:12 AM CST

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဖြေဆိုရန် လျှောက်ထားသူ ရှစ်သောင်းကျော် တိုးလာကြောင်း စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့်မတ်လ ၁၂ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ မတ်လ ၁၁ ရက်တွင် မြန်မာစာ၊ မတ်လ ၁၂ ရက်တွင် အင်္ဂလိပ် စာ၊ မတ်လ ၁၃ ရက်တွင် သင်္ချာ၊ မတ်လ ၁၄ ရက်တွင် စိတ်ကြိုက် မြန်မာစာ၊ မတ်လ ၁၆ ရက်တွင် ဓာတုဗေဒ၊ မတ်လ ၁၇ ရက်တွင် ရူပဗေဒ၊ မတ်လ ၁၈ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ မတ်လ ၁၉ ရက်တွင် ပထဝီဝင် နှင့် မတ်လ ၂၀ ရက်တွင် သမိုင်းဘာသာတို့ ဖြေဆိုရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို  စက်တင်ဘာလအတွင်းက လျှောက်ထားခွင့် ပြုခဲ့သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူသည် လက်ရှိစာရင်းအရ ကိုးသိန်း ခုနစ်သောင်းကျော်ရှိကာ စာစစ်ဌာနများလည်း တိုးမြှင့်ထားကြောင်း ဦးမျိုးညွန့်က ဆိုသည်။

“ကျောင်းသားတွေများလို့ တိုးလာတာပေါ့။ တချို့တွေကလည်း ကိုယ့်ရွာမှာကိုပဲ ဖြေချင်ကြတာပေါ့” ဟု ဦးမျိုးညွန့်က ဆိုသည်။

တက္ကသိုလ်ဝင်ခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလတွင် ထုတ်ပေးသွားမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲသို့ ဖြေဆိုသူ ၈၅၁၅၂၄ ဦးရှိပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦးရှိကာ အောင်မြင်မှု ရာခိုင်နှုန်း ၃၁ ဒသမ ၄၄ ရာခိုင်နှုန်း ရှိခဲ့သည်။

၂၀၁၈-၂၀၁၇ ခုနှစ်တွင် ဝင်ရောက်ဖြေဆိုသူ ၈၄၄၃၅၈ ဦး၊ ၂၀၁၇-၂၀၁၆ ပညာသင်နှစ်တွင် ၇၆၇၄၂၂ ဦး၊ ၂၀၁၆-၂၀၁၅ ပညာသင်နှစ်တွင် ၆၇၁၄၃၁ ဦးနှင့် ၂၀၁၅-၂၀၁၄ ပညာသင်နှစ်တွင် ၆၃၂၃၁၄ ဦး ရှိခဲ့သည်။ စာစစ်ဌာနများကိုလည်း ၂၀၁၅ ခုနှစ်တွင် ၁၃၇၆ ခု၊ ၂၀၁၆ ခုနှစ်တွင် ၁၄၇၀ ခု၊ ၂၀၁၇  ခုနှစ်တွင် ၁၅၉၄ ခု၊ ၂၀၁၈ ခုနှစ်တွင် ၁၇၄၂ ခုနှင့်၂၀၁၉ ခုနှစ်တွင် ၁၈၈၁ ခုအထိ တိုးမြှင့်ခဲ့သည်။

၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မေးခွန်းပုံစံသစ်ဖြင့် စတင်စစ်ဆေးခဲ့ပြီး ထိုမေးခွန်းပုံစံသစ်တွင် ဘာသာရပ်အားလုံး၌ လွယ်သင့်ခက်မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်ခဲ့ကြောင်း သိရသည်။                 

 

 


READ NEXT
Cancel OK