နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရာဇဝတ်မှု ဥပဒေ၏ သက်ရောက်မှုများကို လေ့လာသုံးသပ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိုဝင်ဘာ ၂၉ ရက်တွင် ပြုလုပ်သော နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော် သမ္မတရုံးက နိုဝင်ဘာ ၂၅ ရက်တွင် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ နိုင်ငံတကာ ရာဇဝတ်မှုများတွင် အဓိကအားဖြင့် စစ်ရာဇဝတ်မှုများ (War Crimes)၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes Against Humanity)၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) တို့ ပါဝင်ကြောင်း၊ အထူးအဖွဲ့အနေဖြင့် နိုင်ငံတကာ ရာဇဝတ်ဥပဒေနှင့် သက်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ နိုင်ငံတကာရာဇဝတ် တရားစီရင်ရေးနှင့် တရားရုံး လုပ်ထုံးလုပ်နည်းများအပြင် ပြည်တွင်း ဥပဒေများကို လေ့လာ၍ တွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ရာဇဝတ်မှုဥပဒေ၏ သက်ရောက်မှုများကိုလည်း လေ့လာသုံးသပ် တင်ပြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများသည် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့က ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ် သံအမတ်ကြီး ဦးမောင်ဝေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထူးအဖွဲ့မှ အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
အဆိုပါ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့မှ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခြင်းကို ခံထားရပြီး ထိုသို့ နိုင်ငံတကာတွင် ဖိအားများဖြင့် ရင်ဆိုင်နေရချိန်တွင် ယခုအထူးအဖွဲ့ ဖွဲ့ စည်းခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ လာမည့် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့က နှုတ်ဖြင့်လျှောက်လဲချက် တင်သွင်းရန် အပြည်ပြည်ဆိုင်ရာတရားရုံးက အချိန်ဇယားသတ်မှတ်ခဲ့ပြီး ICJ ၏ စာချုပ်၊ အပိုဒ် ၅၃ (၁) အရ တစ်ဖက်အမှုသည်နိုင်ငံသည် တရားရုံး၌ သွားရောက် အမှုရင်ဆိုင်ခြင်း မရှိလျှင် သို့မဟုတ် အမှုကို ကာကွယ်ချေပခြင်း မရှိလျှင် အခြားတစ်ဖက် အမှုသည်နိုငံက အမှုကို ယင်းအား အနိုင်ပေးဆုံးဖြတ်ရန် တရားရုံးသို့ တောင်းဆိုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရှင်းလင်းပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
