ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ICG အဖွဲ့ ပူးပေါင်း၍ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်း (၂၀၂၀-၂၀၂၁) ကို ကောက်ယူမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်၌ စစ်တမ်းကောက်ယူရေးအတွက် ICF အဖွဲ့မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းကို ယခင် ၂၀၁၅-၂၀၁၆ ခုနှစ်က စတင်ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ယခုစစ်တမ်းတွင် စစ်တမ်းကောက်ယူမှု Cluster ၁၀၀ ခန့်အထိ ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး သေဆုံးရသည့် အကြောင်းရင်းကို နှုတ်ဖြင့် မေးမြန်းဖော်ထုတ်ခြင်းကိုလည်း ထည့်သွင်းဆောင်ရွက်သွားရန် လျာထားကြောင်း၊ စစ်တမ်းကောက်ယူရန်အတွက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခြင်း၊ စစ်တမ်းကောက်ကွက် နေရာများသတ်မှတ်ခြင်း၊ စစ်တမ်းမေးခွန်း ပြုစုခြင်းနှင့် စစ်တမ်းကောက်ယူမည့်သူများအား လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေရာဒေသအလိုက် ကွဲပြား သော ဘာသာစကားများကို တတ်ကျွမ်းသည့် စစ်တမ်းကောက်ယူအေးးအား ရွေးချယ်သွားမည်ဖြစ်ပြီး စစ်တမ်းကောက်ယူရရှိသည့် အချက်အလက်များကို ဆန်းစစ်သုံးသပ်ခြင်း ပြုလုပ်၍ စစ်တမ်းတွေ့ရှိချက်များကို ၂၀၂၁ ခုနှစ်တွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်းအရ အမျိုးသမီးများ၏ ရာခိုင်နှုန်း ၈၀ ကျော်သည် ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးစောင့်ရှောက်မှုကို ကျွမ်းကျင်သူများထံမှ ခံယူခဲ့သော်လည်း ၅၉ ရာခိုင်နှုန်းသာ ညွှန်ကြားထားသည့်အတိုင်း ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို လေးကြိမ်နှင့်အထက် ရရှိကြောင်း၊ မြန်မာနိုင်ငံရှိ အရှင်မွေးကလေးများ၏ ၃၇ ရာခိုင်နှုန်းသည် ကျန်းမာရေးဌာနများတွင် မွေး ဖွားခဲ့ခြင်းဖြစ်ပြီး ကျွမ်းကျင်သူနှင့် မွေးဖွားနှုန်းသည် ရာခိုင်နှုန်း ၆၀ ခန့်ရှိကြောင်းနှင့် ကိုယ်ဝန်ဆောင်စောင့်ရှောက် မှုခံယူခြင်း၊ ကျန်းမာရေးဌာနများတွင် မွေးဖွားခြင်းနှင့် ကျွမ်းကျင်သူနှင့် မွေးဖွားခြင်းတို့သည် ကျေးလက်ဒေသထက် မြို့ပေါ်တွင် ပိုမိုတွေ့ရှိရကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၁၉၉၄ ခုနှစ်၌အမျိုးသမီးတစ်ဦးလျှင် ကလေး ၅ ဒသမ ၆ ဦးနှုန်း မွေးဖွားခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၃ ဒသမ ၉ ဦးနှုန်းအထိ သိ သိသာသာကျဆင်းလာကြောင်း ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ထုတ်ပြန်ကြေညာခဲ့သည့် အချက်အလက်များအရ သိရသည်။
ကမ္ဘာပေါ်တွင် ၁၉၉၄ ခုနှစ်က အမျိုးသမီးတစ်ဦးလျှင် ကလေး ၂ ဒသမ ၉ ဦးနှုန်း မွေးဖွားခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ကလေး ၂ ဒသမ ၅ ဦးနှုန်းအထိ ကျဆင်းလာခဲ့ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၁၉၉၄ ခုနှစ်၌ အမျိုး သမီးတစ်ဦးလျှင် ကလေး ၅ ဒသမ ၆ ဦးနှုန်း မွေးဖွားခဲ့ရာမှ ၂၀၁၉ ခုနှစ်၌ ၃ ဒသမ ၉ ဦး နှုန်းအထိ သိသိသာသာကျဆင်းလာကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ပျမ်း မျှအားဖြင့် ၂ ဒသမ ၃ ယောက်ရှိသည့်အနက် ချင်းပြည်နယ်တွင် အမျိုးသမီးတစ်ဦးလျှင် ကလေး ၄ ဒသမ ၆ ယောက်နှုန်းဖြင့် အများ ဆုံးဖြစ်ပြီး မကွေးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် ကလေး ၁ ဒသမ ၈ ဦးစီဖြင့် မွေးဖွား နှုန်း အနည်းဆုံးဖြစ်ကြောင်း သိရသည်။
ယခင် ၂၀၁၅-၂၀၁၆ မြန်မာနိုင်ငံ လူ နေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး နှင့် အဖွဲ့အစည်းများမှ စစ်တမ်းကောက် ယူရန်အတွက် လိုအပ်သော ဘဏ္ဍာရေး ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
