ပြည်သူ့ဆေးရုံများ၌ လိုအပ်သော မူးယစ်အနွယ်ဝင် ဆေးဝါးများနှင့် အထူးထိန်းချုပ်ဆေးဝါးများ တောင်းခံမှု စုစုပေါင်း ကျပ်သန်းပေါင်း ၃၇၈၉ သန်းခန့်ရှိပြီး တောင်းခံအရေအတွက်၏ ၂၅ ရာခိုင်နှုန်းဖြစ်ကို မြန်မာ့ဆေးဝါးလုပ်ငန်းသို့ အမှာစာပေးပို့ ဝယ်ယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများအတွက် လိုအပ်သော ဆေးရုံသုံး စက်ကိရိယာ အမျိုးပေါင်း ၃၃၁ မျိုး အတွက် ကျပ် ၆၄ ဘီလျံခန့် ဝယ်ယူမည်ဖြစ်သည်။
“ကုသရေးဦးစီးဌာန အနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၁၅၈ဘီလျံ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှာ ကျပ် ၁၇၅ ဘီလျံ၊ ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ကျပ် ၅၄ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကျပ် ၁၉၆ ဘီလျံကို အသုံးပြုပြီး ဆေးနဲ့ ဆေးပစ္စည်းတွေ ဆေးရုံသုံး စက်ပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။ ဆက်လက်ပြီး အခုဘဏ္ဍာနှစ်မှာလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေအတွက် လိုအပ်တဲ့ ဆေးရုံသုံး စက်ကိရိယာ ၃၃၁ မျိုးအတွက် ကျပ် ၆၄ ဘီလျံဖိုး ဝယ်ယူဖို့လည်း ဆောင်ရွက်နေပါတယ်” ဟု ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အထူးထိန်းချုပ်ဆေးဝါး ဆိုသည်မှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ၂၀၀၂ ခုနှစ် ဇွန်လ ၂၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၂/၂၀၀၂ ၏ အပိုဒ် ၁၊ ဇယား (၁) (၂) (၃) နှင့် (၅) တို့ပါ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကိုလည်းကောင်း၊ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၂၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃/၂၀၀၂ ၏ အပိုဒ် ၁၊ ဇယား (၁)(၂) (၃) ပါ မူးယစ်ဆေးဝါးများကိုလည်းကောင်း ဆိုလိုခြင်း ဖြစ်ကြောင်းနှင့် အထူးထိန်းချုပ် ဆေးဝါးများကို လက်ရှိ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအောက်ရှိ ဗဟိုအဆင့်နှင့် သင်ကြားရေးဆေးရုံများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဆေးရုံများ၊ ခုတင် ၂၀၀ ဆံ့နှင့် အထက်ရှိဆေးရုံများ၊ ကျန်းမာရေး ဝန်ကြီးဌာနက အထူးခွင့်ပြုသည့် အခြားဆေးရုံများတွင်သာ တရားဝင် ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
ထို့ပြင် လမ်းမတော်မြို့နယ်ရှိ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်) ကြားတွင် အသစ်တည်ဆောက်နေသော နှလုံးဦးနှောက်နှင့် အာရုံကြော အထူးကု ဆေးရုံသစ်ကြီးအတွက် လိုအပ်သော အဓိက ဆေးရုံသုံး စက်ပစ္စည်းများကို ကျပ် ၄၂ ဘီလျံခန့် ဝယ်ယူဖြည့်တင်းမည်ဖြစ်ရာ ကျပ်ရှစ်ဘီလျံကျော် တန်ဖိုးရှိ ဆေးရုံသုံး စက်ပစ္စည်း ခြောက်မျိုးကို တင်ဒါ ခေါ်ယူ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယခု ၂၀၂၀ ပြည့်နှစ်တွင် လူနာဘေးကင်းလုံခြုံရေး၊ ဆက်သွယ်ရေး နည်းပညာသုံး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အပါအဝင် အခြားကဏ္ဍကြီးများတွင် ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သော ပြည်ထောင်စုဝန်ကြီး၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွင် ဖော်ပြထားသည်။
ဝန်ကြီးဌာနက ၂၀၂ဝပြည့်နှစ်တွင် ဦးစားပေး ဆောင်ရွက်မည့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ လုပ်ငန်းနယ်ပယ်များ အနေဖြင့် လူနာဘေးကင်း လုံခြုံရေး၊ ပြည်သူ့ကျန်းမာရေးနှင့် ဆေးရုံသတင်းအချက်အလက်စနစ်၊ ကျန်းမာရေး အသိပညာ စာတတ်မြောက်မှု၊ ကျောင်းအခြေပြု ကျန်းမာရေးမြှင့်တင်မှု၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများကို စနစ်တကျ ဝယ်ယူဖြန့်ဖြူးပေးနိုင်ရန် စီမံခန့်ခွဲကြီးကြပ် ဆောင်ရွက်နိုင်သည့်စနစ်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားအောင် လေ့ကျင့်သင်ကြားရေး၊ မကူးစက်တတ်သော ရောဂါများ၊ ဆေးပညာကျင့်ဝတ်၊ ပြည်သူ့ကျန်းမာရေး ကျင့်ဝတ်နှင့် သုတေသနကျင့်ဝတ် စသည့် ကျင့်ဝတ်ဆိုင်ရာများ၊ ဒစ်ဂျစ်တယ်ကျန်းမာရေး သို့မဟုတ် အဆင့်မြင့် ဆက်သွယ်ရေး နည်းပညာသုံး၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဘဏ္ဍာရန်ပုံငွေ စီမံခန့်ခွဲမှုစနစ်၊ သုတေသနလုပ်ငန်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်းလုပ်ငန်း၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အစီအစဉ်များနှင့်အတူ ထူးချွန်သော အားကစားသမားများ ပေါ်ထွက်လာရေးနှင့် အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အခြားကဏ္ဍများနည်းတူ အားသစ်လောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
