Top News

မြန်မာနိုင်ငံတွင် မိခင်မှကလေးသို့ HIV ပိုးကူးစက်နှုန်းသည် ယခင် သုည ဒသမ ၈၄ ရာခိုင်နှုန်းရှိခဲ့ရာမှ သုည ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်း
24htopnews | October 11, 2024 6:12 AM CST

မြန်မာနိုင်ငံတွင် မိခင်မှကလေးသို့ HIV ပိုးကူးစက်မှုနှုန်းသည် ၂၀၁၁ ခုနှစ်က သုည ဒသမ ၈၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း ကျဆင်းလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် မိခင်မှကလေးသို့ HIV ပိုးကူးစက်မှုနှုန်းသည် တဖြည်းဖြည်း ကျဆင်းလာနေပြီး ၂၀၂၅ ခုနှစ်တွင် ယင်းကူးစက်မှုနှုန်း သုညအထိဖြစ်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေ ထည့်ဝင်မှုသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အသုံးစရိတ်၏ ၁၃ ရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစပြီး နှစ်စဉ်သိသာစွာ တိုးတက်လာခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၂ ရာခိုင်နှုန်းထိ တိုးတက်လာကြောင်း HIV/AIDS ရောဂါဆိုင်ရာ အသုံးစရိတ်ဆန်းစစ် လေ့လာချက် (National AIDS spending assessment NASA) အရ သိရသည်။

ယင်းကဲ့သို့ ရန်ပုံငွေများ ထောက်ပံ့ပေးခြင်းဖြင့် HIV ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုထိရောက်မှုရှိခြင်း၊ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာခြင်းနှင့် သေဆုံးမှုနှုန်း ကျဆင်းလာခြင်း စသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

HIV ပိုးကူးစက်ခံရမှုသည် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ HIV ပိုးကူးစက်ရန် အန္တရာယ်များသော ဦးတည်အုပ်စုများ (Key affected populations) ဖြစ်သည့် မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများ၊ အမျိုးသမီး လိင်လုပ်သားများနှင့် အမျိုးသားချင်း လိင်ဆက်ဆံမှုများတွင် အဖြစ်များကာ နေရာဒေသအားဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးဖြစ်ကြောင်း HIV ကူးစက်ဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းများအရ တွေ့ရှိရကြောင်း သိရသည်။

ဝန်ကြီးဌာန၏ ၂၀၁၈ ခန့်မှန်းတွက်ချက်မှုများအရ HIV ဖြစ်ပွားမှုနှုန်းသည် တစ်နိုင်ငံလုံးတွင် ၂၃၇၀၀၀ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် နိုင်ငံလူဦးရေ၏ သုည ဒသမ ၅၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK