Top News

ဘူးသီးတောင်မြို့နယ် ခမီးချောင်းကျေးရွာရှိ မူလတန်းကျောင်းအတွင်း AA အဖွဲ့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဒဏ်ရာရရှိဟု တပ်မတော်ထုတ်ပြန်
24htopnews | October 11, 2024 6:12 AM CST

ဘူးသီးတောင်မြို့နယ် ခမီးချောင်းကျေးရွာရှိ မူလတန်းကျောင်းအတွင်း AA အဖွဲ့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဒဏ်ရာရရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈ နာရီခန့်တွင် အုပ်တောင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့် အကွာသို့ အရောက်တွင် AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA အဖွဲ့သည် ခမီးချောင်းကျေးရွာ၏ တောင်ဘက်မီတာ ၁၂၀၀ ခန့်အကွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသော AA အဖွဲ့ကို တပ်မတော်စစ်ကြောင်းက လိုက်လံတိုက်ခိုက်ခဲ့ရာ AA အဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ AA အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခမီးချောင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင်ကျောင်းရှေ့တွင် ဆော့ကစားနေသည့့် ကျောင်သား ၁၄ ဦးနှင့် ကျောင်းသူခြောက်ဦးတို့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို နယ်မြေခံ တပ်ရှိ တပ်တွင်းဆေးခန်း၌ လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူများအနက် ငါးဦးကို ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။


READ NEXT
Cancel OK