ဝန်ထမ်းများကိုပေးမည့် ကားပါမစ်ကိစ္စအား ဆိုင်းငံ့ထားသော်လည်း မည်မျှပေးရ မည်ဆိုသည့်စာရင်းကို ကောက်ယူနေပြီး နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလာပါက ချက်ချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ဖေဖော်ဝါရီ ၁၄ ရက် ပြုလုပ်သည့် ပြည် သူ့လွှတ်တော်အစည်းအဝေးတွင် ၎င်းင်း၏ အ စီအစဉ်များ ပြီးဆုံး၍ ပြန်လည်ထွက်ခွာလာ သည့်အချိန်တွင် ဝန်ထမ်းများကို ချပေးမည့် ကားပါမစ် ကိစ္စနှင့်ပတ်သက်၍ မီဒီယာများ ၏ မေးမြန်းမှုအပေါ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က ဦးအောင်ထူးက အထက်ပါကဲ့သို့ ပြန် လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကန့်ကွက်မှုတွေရှိတဲ့အတွက်ကြောင့်မလို့ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ကို သမ္မတရုံးက ညွှန်ချုပ်ကြီး ပြောတဲ့အတိုင်းပဲ ဒါကို ခဏဆိုင်းငံ့ထားပါဆိုပြီးတော့ ဒါ ကျွန်တော်တို့ ဆိုင်းငံ့ထားပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော်တို့ကတော့ ဘယ်လောက်အထိ ပေးရမလဲ။ ဘာညာဆိုတဲ့ စာရင်းတွေကိုတော့ ကျွန်တော်တို့ ကောက်ယူနေပါတယ်။ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့ ဆက်လက်ဆောင်ရွက်ပါဆိုတာနဲ့ ချက်ချင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။(ပြန်စမယ့် အနေအထားရောရှိလား) သူတို့ က ဆိုင်းငံ့ထားဖို့ပဲ ပြောတာပါ။ ဒါကို ဖျက်တယ်လို့ မပြောပါဘူး” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
အခြားနိုင်ငံများတွင် အလုပ်ရပြီဆိုပါ က အိမ်၊ ကား၊ တီဗွီနှင့် ရေခဲသေတ္တာ စသည် များကို အရစ်ကျဝယ်ယူနိုင်ခြင်းကြောင့် ယင်းစနစ်ကို ဖော်ဆောင်ချင်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ဒုတိယဝန်ကြီးက “အဲဒီလို ဖော်ဆောင် တဲ့အခါမှာ တိုင်းပြည်ရဲ့ စီးပွားရေးကလည်း တက်လာမယ်။ ဒါဟာ ပုံမှန်စီးပွားစနစ်တွေ မှာ လုပ်နေကျဟာတွေပါပဲ။ ဒါကို ကျွန်တော် တို့က လုပ်ချင်တာပါ။ အဲဒီလို လုပ်ချင်တဲ့အခါ မှာ ပထမဆုံး ဘယ်ဟာစလုပ်မလဲလို့ ပြောတဲ့ အခါကျတော့ ကျွန်တော်တို့မှာ အများကြီးကိုလည်း မလုပ်ပေးနိုင်ဘူး။ မလုပ်ပေးနိုင်တဲ့ အခါကျတော့ ဝန်ထမ်းကောင်းတံဆိပ်ဆုရတဲ့လူတွေကို စပြီးတော့ပေးမယ်ဆိုပြီး ဆောင် ရွက်တာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါကျတော့ တစ်နှစ်တစ်နှစ်ကို ဝန်ထမ်း ကောင်းဆုတံဆိပ်ရတဲ့လူက တစ်သောင်း လောက်ရှိပါတယ်။ သူတို့က လုပ်သက် ၂၇၊ ၂၈ မှာ ကားပါမစ်ကို ရမယ်ဆိုလို့ရှိရင် သူတို့ အတွက် သက်တမ်းက ကျွန်တော်ထင်တယ်။ လေးနှစ်၊ ငါးနှစ်လောက် ကျန်နေမှာပေါ့။ ကျန် နေမယ်ဆိုတဲ့အခါကျတော့ ပေးမယ်ဆိုလို့ရှိ ရင် မှန်းကြည့်တာကတော့ လေးသောင်းက နေ၊ ငါးသောင်းလောက်အထိ ပေးရမှာပေါ့။ အဲဒီလိုချိန်ပြီးတော့ ကျွန်တော်တို့ လုပ်တာပါ။ လုပ်တဲ့အခါမှာ အခုတော့ အငယ်ပိုင်းတွေ ကနေစပြီးတော့ ပေးဖို့ဆိုပြီးတော့ မူလေးကို လုပ်ထားပါတယ််” ဟု ပြောကြားသည်။
လက်ရှိတွင် လုပ်သက် ၂၅ နှစ်ပြည့်ပြီးသည့် ဝန်ထမ်းကို စပေးရန် စဉ်းစားထားပြီး ဝန်ထမ်းများ အခွန်အခသက်သာစေရန်အတွက် အင်ဂျင်ပါ၀ါ ၁၅၀၀ စီစီအထိသာ ခွင့်ပြုရန် စဉ်းစားထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“၁၅၀၀ စီစီဆိုရင် ကျွန်တော်တို့က အထူးကုန်စည်ခွန်ပေးဖို့ မလိုဘူး။ အဲဒီမှာ ဝန် ထမ်းတွေဖြစ်တဲ့အတွက်ကြောင့် ဝန်ထမ်းတွေ ဟာဆိုရင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိတယ်။ ဝင်ငွေခွန်ကင်းလွတ်တဲ့ ဝန်ထမ်းတွေ၊ ညွှန် ကြားရေးမှူးချုပ်နဲ့ အထက်ဆိုလည်း သူ့ရဲ့ ဝင်ငွေခွန်တွေကို ပေးဆောင်နေတာဖြစ် တယ်။ ဆိုလိုတဲ့သဘောကတော့ ဝန်ထမ်း တွေမှာရှိတဲ့ ပိုက်ဆံတွေအကုန်လုံးသည် ငွေ ဖြူတွေဖြစ်တယ်။ ငွေဖြူဖြစ်တဲ့အတွက် ကြောင့် သူတို့မှာ အခွန်ကို သီးခြားထပ်ပြီး တော့ ပေးဆောင်စရာမလိုဘူးဆိုတဲ့သဘော ပေါ့။ ဒါဆိုရင် ကျွန်တော်တို့က ဝင်ငွေခွန် လွတ်သွားပြီ။ ဝင်ငွေခွန်လွတ်သွားတဲ့အခါ ကျတော့ အဲဒီမှာ ပေးဖို့ရှိလာမှာက အထူး ကုန်စည်ခွန်ပေးရမယ်။ ဒါပေမဲ့ အင်ဂျင်ပါ၀ါ ကန့်သတ်လိုက်တယ်ဆိုရင် ပေးစရာမလို တော့ဘူး။ နောက်ပြီးတော့ ဃသာာနမခငေူ ွှထေ ပေါ့။ ဒါလွှတ်တော်ကနေ ပြဋ္ဌာန်းထား တယ်။ လေးရာခိုင်နှုန်းကတော့ သူတို့ပေးရ မှာပါ။ နှစ်ခုရှိတယ်။ တစ်ခုကတော့ ဘာလဲ ဆိုတော့ ကညနမှတ်ပုံတင်ကြေးပေါ့။ ဘယ် နိုင်ငံမှာမှ ကညနမှတ်ပုံတင်ကြေးကို အဲဒီ လောက်အများကြီးတော့ ကောက်ခံတာ မရှိပါဘူး” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
ကညန ဥပဒေတွင်လည်း မှတ်ပုံတင် ကြေးကို ကင်းလွတ်ခွင့်ပြုမည်ဆိုပါက ကင်း လွတ်ခွင့်ပြု၍ရသည့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ရှိကြောင်း၊ အကောက်အခွန်ကင်း လွတ်ခွင့်ပြုသင့်သူများကို နိုင်ငံတော်သမ္မတကကင်းလွတ်ခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထား ကြောင်း၊ ကားပါမစ်ပေးမည့် ရည်ရွယ်ချက် သည် တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့သည့် ဝန်ထမ်းများအတွက် ကားထောက်ပံ့ပေးမှု လျော့ပါးရန်ရည်ရွက်ချက်များဖြင့် ဆောင် ရွက်ခြင်းဖြစ်ပြီး အထူးအခွင့်အရေးပေးသည့် သဘောမဟုတ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“၂၀၁၂ ခုနှစ်မှာ ကားတင်သွင်းခွင့် ပေး လိုက်ပြီးတဲ့အခါမှာ ပုဂ္ဂလိကကဏ္ဍ ကားတင် သွင်းမှုက နှစ်သိန်းခြောက်သောင်းကျော် လောက်အထိရှိပါတယ်။ အဲဒီတော့ ပုဂ္ဂလိ က ကဏ္ဍအနေနဲ့ နှစ်သိန်းခြောက်သောင်းကျော် ကားတင်သွင်းမှုကနေ အကျိုးကျေးဇူးရရှိခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့ ဝန်ထမ်းတွေကတော့ ဘာမှ ခံစားခွင့်မရှိပါ ဘူး။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့က ပြည် သူ့ဝန်ထမ်းတွေကို သက်သာခွင့်အနေနဲ့ ဆောင် ရွက်ပေးဖို့ စီစဉ်တာဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောကြားသည်။
အထက်ပါ ကားပါမစ်ဖြင့် တင်သွင်းရန် သတ်မှတ်ထားသည့် Model Year သည် Use ကားဝယ်မည်ဆိုပါက လက်ရှိအချိန်အတိုင်းဆိုလျှင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဝယ်ယူရမည်ဖြစ်ပြီး Brand New ကားများ လည်း ဝယ်ယူနိုင်ကြောင်း စီးပွားကူးသန်း ဒုတိယဝန်ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
