Top News

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ လှူဒါန်းရေးနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံသံအမတ်ကြီး တွေ့ဆုံဆွေးနွေး
24htopnews | October 11, 2024 6:12 AM CST

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ လှူဒါန်းရေးနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ ဖေဖော်ဝါရီ ၁၄ ရက် နံနက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

2019 Novel Coronavirus အဆုတ်ရောင်ရောဂါကြောင့် အခက်တွေ့နေသည့် တရုတ်နိုင်ငံကို နှစ်နိုင်ငံကြားတည်ထောင်ထားသည့် အေးအတူပူအမျှ အသိုက်အဝန်း စိတ်ဓာတ်ကို အခြေခံကာ ဆန်လှူဒါန်းရန် စီစဉ်ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကဆိုသည်။

“ဘယ်တော ့လှူဖြစ်မလဲဆိုတာကရက် အတိအကျတော့    မသိသေးပါဘူး။ ဒီဟာက သဘောင်္နဲ့သော်လည်းကောင်း ဒါမှမဟုတ် နယ်စပ်ကလွှဲမလားဆိုတာ ကျွန်တော်တို့ ညှိနှိုင်းနေတုန်းရှိပါသေးတယ်။ နှစ်ဖက်လေ။ ဒါပေမဲ့ အမြန်ဆုံးတော့ လွှဲဖို့လုပ်နေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက 2019 Novel Coronavirus အဆုတ်ရောင်ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးတို့ကို တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင်ပင်း၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများ၏ စည်းလုံးညီညွတ် စွာပူး ပေါင်းပါဝင်မှုများနှင့်အတူ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပေါ် ချီးကျူး ကြောင်းနှင့် ယခုကဲ့သို့ ခက်ခဲသည့်အချိန်ကာလကို မကြာမီအောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဝူဟန်မြို့ရှိ ပညာသင် မြန်မာကျောင်း သားများ ပြန်လည်ခေါ်ဆောင်ရေးတွင်လည်း တရုတ်အစိုးရ၏ ပူးပေါင်းကူညီပံ့ပိုးမှုများ အတွက် ပြည်ထောင်စုဝန်ကြီးကကျေးဇူးတင် စကားပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်း စဉ်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန် လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပြန်လည် နေရာချထားရေးလုပ်ငန်းစဉ်တို့တွင် တရုတ် နိုင်ငံမှ အပြုသဘော ဆက်လက်အကူအညီ ပေးအပ်မည့် ကိစ္စရပ်များအတွက်လည်း ပြည် ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရေးအတွက် တရုတ်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရာတွင် လိုအပ်သည့် အကူအညီ များပေးအပ်လိုသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံဆိုင် တရုတ်သံ ရုံး ယာယီတာဝန်ခံနှင့် ဖေဖော်ဝါရီ ၃ ရက်က တွေ့ဆုံစဉ် ကမ်းလှမ်းခဲ့သည်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားလျက်ရှိသည့် ကိုရို နာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကြောင့် တရုတ်ပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်ပွားလျက်ရှိခြင်းအပေါ် စာနာထောက်ထားကြောင်း သဝဏ်လွှာကို မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်က တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင်ပင်းထံ ဖေဖော်ဝါရီ ၃ ရက်က ပေးပို့ခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက်အထိစာရင်းများအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄၀၀ ဝန်းကျင်ရှိနေပြီး အများစုမှာ တရုတ်နိုင်ငံမှဖြစ်ကာ ကူးစက်ခံရသူ ခြောက်သောင်း ဝန်းကျင်ရှိနေကြောင်း သိရသည်။

 

 


READ NEXT
Cancel OK