ကမ္ဘာ့နိုင်ငံများတွင် တီဘီရောဂါဖြစ်ပွားမှုမှာ နှစ်စဉ် တစ်ရာခိုင်နှုန်းခန့်သာ ကျဆင်းသော်လည်း မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုမှာ နှစ်စဉ် ၄ ဒသမ ၈ ရာခိုင်နှုန်း အထိကျဆင်းလျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တီဘီ ရောဂါအစီအရင်ခံစာ (Global TB report) အရ ကမ္ဘာတစ်ဝန်းတွင် လူ တစ်သိန်းလျှင် ၃၃၈ ဦးသည် တီဘီရောဂါဖြစ်ပွားလျက်ရှိပြီး လူတစ်သိန်းတွင် ၃၉ ဦးသည် တီဘီရောဂါကြောင့် သေဆုံးနေရကြောင်း သိရသည်။
ယခုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ဆချက်များအရ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်တွင် တီဘီရောဂါပိုးရှိသော်လည်း ရောဂါဖြစ်ပွားမှုမရှိသည့် ငုပ်လျှိုးတီဘီဖြစ်ပွားနိုင်သည်ဟု တွက်ဆထား ကြောင်းနှင့် ကမ္ဘာ့တီဘီရည်မှန်းချက် (End TB) ၂၀၃၅ အရ မြန်မာနိုင်ငံတွင် ၂၀၃၅ ခုနှစ်တွင် လူဦးရေတစ်သိန်းလျှင် တီဘီရောဂါဖြစ်ပွားသူ ၁၀ ဦးအောက်လျော့နည်းစေရေးအတွက် မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်ထားရှိကြောင်း သိရသည်။
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံတွင် တီဘီ ရောဂါဖြစ်ပွားနိုင်သူ ၁၈၀၀၀၀ ဟုခန့်မှန်း ထားသော်လည်း ၎င်းတို့အနေဖြင့် ၁၄၀၀၀၀ ဦးခန့်ကိုသာ ရှာဖွေဖော်ထုတ် ကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တီဘီရောဂါ ဖြစ်ပွားသူများအား အရှိန်အဟုန်ဖြင့်ရှာဖွေကုသမှုပေးခြင်း (accelerated TB case finding) လုပ်ငန်းစဉ်များဖြင့် ဓာတ်မှန်စက်တပ် ဆင်ထားသော ရွေ့လျားတီဘီရောဂါရှာဖွေ ရေးအဖွဲ့များမှ ကျေးလက်ဒေသ၊ ခက်ခဲ ဒေသ၊ လုပ်ငန်းခွင်၊ အကျဉ်းထောင်များ စသည်တို့အထိ ကွင်းဆင်းရောဂါရှာဖွေ ကုသမှုပေးလျက်ရှိကြောင်း သိရသည်။
အစိုးရအနေဖြင့် တီဘီတိုက်ဖျက်ရေး အတွက် ၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၄ သန်းခွင့်ပြုသုံးစွဲခဲ့ ကြောင်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ကျပ် သန်းပေါင်း ၆၂၆ သန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၄၀၀၀ ကျော်အထိ တိုးမြှင့်ပေးခဲ့ကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
တီဘီ/အိပ်ချ်အိုင်ဗွီပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ပြီး ဆေးယဉ်ပါးတီဘီ၊ လူနာ များကို ၂၀၁၆ ခုနှစ်၌ မြို့နယ်အားလုံးတွင် ရောဂါရှာဖွေဆေးကုသမှုခံယူနိုင်အောင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွက် ကုသ ခဲ့သော ဆေးယဉ်ပါးတီဘီလူနာများ၏ ဆေး ကုသမှုအောင်မြင်မှုနှုန်းမှာ ၇၉ ရာခိုင်နှုန်း အထိရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
