မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ရတနာပုံ သင်္ဘောကျင်းအတွင်း ကုန်တင်ရေယာဉ်တစ်စီး ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းက ရေယာဉ်အတွင်းပိုင်း ဝရိန်ဆော်ရာမှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ စုံစမ်း သိရသည်။
ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အကွက်အမှတ်(၃၈၁)၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြား၊ ကမ်းနားလမ်းရှိ ရတနာပုံ သင်္ဘောကျင်းအတွင်း ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်က ဓနဖြိုး ကုန်တင်ရေယာဉ်ပေါ်တွင် ဝရိန်ဆော်ရာမှ ရေယာဉ်ဝမ်းဗိုက်အတွင်းရှိ ဒီဇယ်ကန်အတွင်းသို့ မီးပွားလွင့်စင်ကာ ကျရောက်ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်ပြီး မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ငါးစီး၊ အုပ်ချုပ်မှူယာဉ် နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦး အစရှိသည်တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကို ညနေ လေးနာရီ ၅၀ မိနစ်အချိန်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်း မီးလောင်မှုကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၅၀၀၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ရတနာပုံ သင်္ဘောကျင်းအတွင်း ရှိ ဓနဖြိုး ကုန်တင်ရေယာဉ် မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ အဆိုပါ ကုန်တင်ရေယာဉ်မှ တာဝန်ခံမန်နေဂျာဖြစ်သူ ဦးကျော်မျိုးနိုင်ကို မဟာအောင်မြေမြို့နယ် အမှတ်(၇)နယ်မြေရဲစခန်းမှ (ပ)၉၂။၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
