ဘောလုံးကို အာရုံစိုက်ထားရန် ရပ်ရှ်ဖို့ဒ်အား အန်ဒီကိုးလ် တိုက်တွန်း
24htopnews | October 11, 2024 7:12 AM CST
မန်ယူဂန္ထဝင် အန်ဒီကိုးလ်က အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ဘောလုံးအပေါ် အာရုံစိုက်ထားရန် တိုက်တွန်းပြောကြားခဲ့သည်။
ရပ်ရှ်ဖို့ဒ်(၂၆ နှစ်)သည် ၂၀၂၂-၂၃ ရာသီတွင် မန်ယူအတွက် ပြိိုင်ပွဲစုံ (၅၆) ပွဲတွင် ဂိုး (၃၀) အထိ သွင်းယူနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ပြိုင်ပွဲစုံ (၄၃)ပွဲ တွင် (၈)ဂိုးသာ သွင်းယူခဲ့သည်။
၎င်းသည် ယခုရာသီ ပြိုင်ပွဲစုံ (၁၁) ပွဲတွင် (၄) ဂိုးသွင်းထားသော်လည်း ဘောလုံးအပေါ်အာရုံစိုက်မှုနည်းပါးသည်ဟု ဝေဖန်ခံနေရသည်။
ယခုအခါ အန်ဒီကိုးလ်က ''ရပ်ရှ်ဖို့ဒ်အတွက် ဘောလုံးက ဦးစားပေးမဟုတ်ဘူးဆိုပြီး ပြောဆိုမှုတွေ ရှိပါတယ်။ ရပ်ရှ်ဖို့ဒ်က ထိပ်တန်းကစားသမားဖြစ်နိုင်သူဖြစ်ပြီး ဘောလုံးကို အာရုံမစိုက်မိလို့ နောင်တစ်ချိန်မှာ နောင်တမရဖို့ ကျွန်တော် မျှော်လင့်ပါတယ်''ဟု ဆိုခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
