ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ကြောင့် ရော ဂါကူးစက်မှုများမြင့်တက်နေမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် ကာကွယ်ဆေးထိုးနှံမထားသူများသည် နေအိမ်အတွင်း၌သာ နေထိုင်ရမည့် စည်းကမ်းကို ချိုးဖောက်ပြီး အိမ်အပြင်ထွက်ပါက ၎င်းတို့ကို ဖမ်းဆီးရန် ဇန်နဝါရီ ၆ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်အစိုးရသည် ယခုသီတင်းပတ်အတွင်း မနီလာမြို့တော်အပါအဝင် ပြည်နယ်နှင့် မြို့ အချို့တွင် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို တင်းကျပ်ခဲ့သည်။
လူဦးရေ ၁၃ သန်းနေထိုင်သည့် မနီလာမြို့တော်တွင် နှစ်ရက်အတွင်း ရောဂါကူးစက်မှုနှုန်း သုံးဆ မြင့်တက်ခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံမထားသူများကို နေအိမ်၌သာ နေထိုင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ရောဂါကူးစက်မှုများသည် လာမည့်ရက်ပိုင်းအတွင်း ပိုမိုမြင့်တက်လာနိုင်ပြီး ယခုလ အကုန်တွင် ရောဂါကူးစက်မှုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်ဖွယ်ရှိသည်ဟု ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။
“ဒါဟာ နိုင်င့ံအရေးပေါ်အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးမထားတဲ့သူတွေကို အပြင်မထွက်ဘဲ အိမ်ထဲမှာနေဖို့ ကျွန်တော်တို့ ထိန်းချုပ်ဟန့်တားရတာဖြစ်ပါတယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။ “ကျေးရွာအကြီးအကဲတွေကိုလည်း ကျွန်တော် အမိန့်ထုတ်ပြီးပါပြီ။ ကာ ကွယ်ဆေးထိုးမထားတဲ့သူတွေကိုရှာပြီး ကာကွယ်ဆေး အထိုးခံဖို့ တောင်းဆိုတာ ဒါမှမဟုတ် အမိန့်ပေးတာတွေ လုပ်ဖို့ ပြောထားပါတယ်”ဟု ဒူတာတေးက ဆိုသည်။
“တကယ်လို့ ကာကွယ်ဆေးထိုးနှံမှုခံယူဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ အဲဒီလူတွေဟာ ဖိလစ်ပိုင်ရဲ့ ဘယ်နေရာမဆို အသွားအလာ ထိန်းချုပ်ကန့်သတ်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရအရာရှိတစ်ဦးရဲ့ အမိန့်ကို လိုက် နာဖို့ငြင်းပယ်သူတွေကို ဖမ်းဆီးဖို့လည်း လုပ်ပိုင်ခွင့်ပေးထားပါတယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသားအများအပြားသည် ကာကွယ်ဆေးထိုးနှံမှုမခံယူသေးသည့် ဖြစ်စဉ်အပေါ် စိတ်ပျက်မိသည်ဟုလည်း ဒူတာတေးက ဆိုသည်။
“ကျွန်တော်တို့ လူ့အသိုင်းအဝိုင်း၊ ကျွန်တော်တို့ နိုင်ငံနဲ့ ကမ္ဘာကြီးမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ခင်ဗျားသာ ကာကွယ်ဆေးမထိုးဘူးဆိုရင် လူတိုင်းအတွက် အန္တရာယ်ရှိနိုင်ပါတယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်တွင် ဇန်နဝါရီ ၆ ရက်က ရောဂါကူးစက်ခံရသူအသစ် ၁၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ယင်းသည် ဇန်နဝါရီ ၄ ရက်က ရောဂါကူးစက်ခံရသူအရေအတွက်ထက် သုံးဆကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဖိလစ်ပိုင်တွင် COVID-19 ကူးစက်ခံရသူစုစုပေါင်း ၂.၉ သန်းခန့်ရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၅၂ဝဝဝနီးပါး ရှိခဲ့သည်။
ဖိလစ်ပိုင်တွင် ပြီးခဲ့သည့်နှစ်က ဒယ်တာ မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုများ အမြင့်ဆုံးအခြေအနေကို ကျော်လွန်သွားခဲ့ပြီးနောက် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး ကို ပြန်လည်အသက်သွင်းရန် အောက်တိုဘာလတွင် locki down များကို ဖြေလျှော့ခဲ့သည်။
သို့သော်လည်း ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာသဖြင့် ဇန်နဝါရီလ လယ်ပိုင်းအထိ ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ပြန်လည်တင်းကျပ်ခဲ့ပြီး ကာကွယ်ဆေးမထိုးရသေးသူများကို နေအိမ်အတွင်း၌သာ နေထိုင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
