ဗီယန်ကျင်း၊အောက်တိုဘာ ၉
လာအိုနှင့်ထိုင်းနိုင်ငံတို့မှကိုယ်စားလှယ်များသည် ဗီယန်ကျင်းမြို့၌တွေ့ဆုံကာ နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ပြီး ကုန်သွယ်မှုပမာဏပို နှစ်ဆတိုမြှင့်ရန် သဘောတူခဲ့ကြကြောင်းသိရသည်။
၎င်းတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို ၂၀၂၅ ခုနှစ်ကို နောက်ဆုံးထား၍ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိတိုးမြှင့်နိုင်ရန်ရည်ရွယ်ထားသည်ဟုသိရသည်။
အဆိုပါအစီအစဉ်သည် ၂၀၂၂ ခုနှစ်တွင် သဘောတူထားသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှု စီမံကိန်းနှင့် ၂၀၂၁ ခုနှစ်ကပြုလုပ်ခဲ့သည့် ၂၂ ကြိမ်မြောက် လာအို – ထိုင်း ပူးတွဲကော်မရှင်အစည်းအဝေးတို့မှ ကတိကဝတ်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။
ကုန်သွယ်မှုလိုငွေပြမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် လာအိုပြည်တွင်းထုတ်လုပ်မှုကို အားပေးရန်အတွက် လာအိုထုတ်ကုန်များကို ဝယ်ယူအားပေးမှုကို မြှင့်တင်ရန်အရေးကြီးကြောင်းလည်း နှစ်ဖက်စလုံးကအလေးပေးပြောကြားခဲ့သည်။
လာအိုရှိ ပြုပြင်ထုတ်လုပ်သည့်စက်မှုလုပ်ငန်းနှင့် အခြားအဓိကအခန်းကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုများကို တိုး၍ လုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း ထိုင်းနိုင်ငံဘက်ကလည်း ပြောကြားခဲ့သည်။
ကုန်သွယ်ရေးနှင့်စီးပွားရေးဆက်ဆံမှုတိုးမြှင့်ရန်အခွင့်အလမ်းများဖော်ထုတ်ရေးတို့ကို အဓိကထားကာ နှစ်နိုင်ငံ၏ သက်ဆိုင်ရာဌာနများအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်းကိုလည်း ဆွေးနွေးပွဲ၌ အလေးပေးပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
