ရန်ကုန်တိုင်း၊ တွံတေးမြို့ရှိ ရှေးဟောင်းသမိုင်း ဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား အောက်တိုဘာ ၁၂ ရက်မှစတင် ၍ ၈ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်အတွင်း အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့- အဘိဓမ္မာအခါတော်နေ့)မွန်းတည့် ၁၂ နာရီတွင် တွံတေးမြို့ရှိဘုန်းတော်ကြီးကျောင်း(၇၅)ကျောင်းမှ ဆရာ တော်/သံဃာတော်များအား စေတီတော်မြတ်ကြီးအောက်ခြေပတ်လမ်း၌ ဆွမ်းဆန်တော်များလောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဘိဓမ္မာအခါတော်နေ့အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)နံနက် ၉ နာရီ၌ စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များကဦးဆောင်၍ ဆရာတော်ကြီးများထံမှ သီလခံယူခြင်းနှင့်အမျှပေးဝေခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ဓမ္မာပူဇာအဖြစ် အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓပူဇာအဖြစ် စေတီတော်မြတ်ကြီး၏ အာ ရုံခံတန်ဆောင်းများအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား သတ်မှတ်နေရာအလိုက်ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
