ဗီယန်ကျင်း၊အောက်တိုဘာ ၁၀
ကမ္ဘောဒီးယားသည် တီမောလက်စတီနိုင်ငံက အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကို ထောက်ခံကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က လာအိုနိုင်ငံ၌ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်ပြေကြားခဲ့သည်။
၄၄ ကြိမ်မြောက် အာဆီယံနှင့် ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ရင်းဖြင့် ဝန်ကြီးချုပ်က ယခုကြေငြာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မစ္စတာဟွန်မာနက်က တီမောလက်စတီနိုင်ငံသည် အာဆီယံ၏တင်းပြည့်အဖွဲ့ဝင်ဖြစ်လာရေးအတွက် ကမ္ဘောဒီးယားက အပြည့်အဝထောက်ခံကြောင်း ထပ်မံအတည်ပြုကာ အဖွဲ့ဝင်ဖြစ်ရေးလုပ်ဆောင်ချက်မှန်သမျှကိုထောက်ခံကြောင်းပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်မှစ၍ တီမောသည် အာဆီယံအဖွဲ့ဝင်ဖြစ်ရေးလျှောက်ထားခဲ့သဖြင့် လေ့လာသုံးသပ်နေရာမှ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားအာဆီယံဥက္ကဌဖြစ်ချိန်တွင် လေ့လာသူအဖြစ် တီမောကို သတ်မှတ်ပေးခဲ့သည်။တီမောသည် ၂၀၂၅ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်ဖြစ်ရေး မျှော်မှန်းထားသည်ဟုလည်းသိရသည်။
Source : ခမာတိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
