မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂွေးပင်ချောင်ချောင်းတွင် ရေလျှံကာ ယာဉ်တစ်စီး ရေစီးနှင့် မျောပါမှုဖြစ်ပွားခဲ့ရကြောင်း ဆိပ်ဖြူမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၁၀)ရက်၊ ည (၉)နာရီခွဲအချိန်ခန့်က ဆိပ်ဖြူမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂွေးပင်ချောင်ရွာနှင့် သံဇလုံရွာကြား ဂွေးပင်ချောင်ချောင်းမှ ရေများမြင့်တက်လာ ယာဉ်(၁)စီးမှာ မျောပါသွားခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကို ဆိပ်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
၎င်း ယာဉ်မှာ ရေစီးဖြင့် မျောပါပြီး လမ်းဘေးရှိ ဓါတ်တိုင်နှင့် အုတ်တံတိုင်းတို့ကြားရောက်ရှိကာ ရပ်တန့်သွားခဲ့ကြောင်းနှင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိသော်လည်း ယာဉ်မှာ ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
