ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ရရဝဝဝအပါအဝင် ဆန်ချော ဆန်ကြမ်းများကို သက်သာသောစျေးနှုန်းဖြင့် ရန်ကုန်မြို့၊၀ါးတန်းဆိပ်ကမ်းရှိ ဆန်စပါးကုန်စည်ဒိုင်တွင် သြဂုတ် ၃ရက်မှ စတင်၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
မြန််မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန် စပါးကုန်စည်ဒိုင်( ဘုရင့်နောင်) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူများအတွက်သက်သာသော စျေးနှုန်းဖြင့် ဆန်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆန်စပါးကုန်စည်ဒိုင်(၀ါးတန်း)၏ တွဲဖက်အတွင်းရေးမှူး ဦးဇော်ခိုင်က “အခုလက်ရှိမှာ ကြီးမြင့်လာတဲ့ စျေးနှုန်းတွေကြောင့် စားသုံးသူပြည်သူတွေကို စျေးအသက်သာဆုံးရောင်းချပေးနိုင်အောင် အသင်းချုပ်ရဲ့ ညွှန်ကြားမှုနဲ့ ကျန်တဲ့အသင်းတွေနဲ့ ပေါင်းစပ်ပြီးတော့ လက်ရှိဒီနေ့ကစပြီးတော့ ဆန်တစ်အိတ်ကို ၅၀၀၀ ကျပ်ကနေ ၁၅၀၀၀ ကျပ်လောက်ထိ သက်သာတဲ့စျေးနှုန်းတွေနဲ့ ရောင်းချပေးနေတာပါ " ဟုပြောကြားခဲ့သည်။
ထို့ပြင် မည်သူမဆို လာရောက်ဝယ်ယူနိုင်ပြီး လိုသလောက်ရောင်းချနိုင်ရန် စီမံဆောင်ရွက်နေကြောင်း၊ သုံးလခန့်ကြာအောင် ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားကာ နောက်ပိုင်းတွင် ဝေးလံသည့်နေရာများသို့လည်း ကားဖြင့်လှည့်လည်ရောင်းချပေးနိုင်ရန်လည်း စီမံရေးဆွဲနေကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၂၀၀၀-၅၅၀၀၀၊ ကြားပျံ တစ်အိတ်လျှင် ကျပ် ၅၅၀၀၀-၆၀၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၇၅၀၀၀-၇၇၀၀၀၊ ရက်(၉၀)တစ်အိတ်လျှင် ကျပ် ၃၅၀၀၀-၃၇၀၀၀ စျေးဖြင့် သြဂုတ် ၃ ရက် နံနက် ၉နာရီမှ ညနေ ၃နာရီ ၃ဝမိနစ်အချိန်အတွင်း ရန်ကုန်မြို့၊ ၀ါးတန်းဆိပ်ကမ်းရှိ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)တွင် ရောင်းချပေးမည်ဖြစ်သည်။
စားသုံးသူ ပြည်သူများအတွက်သာ ရောင်းချပေးခြင်းဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်အိတ် ရောင်းချပေးရန် စီစဉ်ထားကာ ယခုအခါ လူတစ်ဦးလျှင် တစ်အိတ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ပြန်လည်ရောင်းချရန်ကုန်သည်များ၊ လက်လီဆိုင်များကို ရောင်းချပေးမည်မဟုတ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
