မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်တို့သည် ယနေ့(သြဂုတ် ၃ ရက်)တွင်နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နေပြည်တော်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ၎င်းတို့၏ တွစ်တာစာမျက်နှာတွင်သတင်း ထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဆွေးနွေးသည့် အကြောင်းအရာအသေးစိတ်အား ဖော်ပြထားခြင်းမရှိသေးဘဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဘက်မှလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်သည် ယနေ့(သြဂုတ် ၃ ရက်)တွင် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိလာခြင်းဖြစ်သည်။
ယခုခရီးစဉ်အတွင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီးအနေဖြင့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်အပြင် အခြား သော နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းခရီးစဉ်နှင့်ပတ်သက်၍ ယမန်နေ့က ရုရှားနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့ပြင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလာရောဗ့်သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလကလည်း မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
