Top News

နေ့စဉ် ယာဉ်စီးရေ ၄၀၀ ခန့် ပို့ဆောင်ပေးသည့် ဝါးတန်း-ဒလ (ယာဉ်ကူးတို့)လမ်းကို သြဂုတ် ၁ ရက်မှစ၍ ယာဉ်အမျိုးအစားအလိုက် တိုးမြှင့်ကောက်ခံလျက်ရှိ
24htopnews | October 11, 2024 1:12 PM CST

နေ့စဉ် ယာဉ်စီးရေ ၄၀၀ ခန့် ပို့ဆောင်ပေးသည့် ဝါးတန်း-ဒလ (ယာဉ်ကူးတို့)လမ်းကို သြဂုတ် ၁ ရက်မှစ၍ ယာဉ်အမျိုးအစားအလိုက် တိုးမြှင့်ကောက်ခံလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲရှိ ဝါးတန်း-ဒလ (ယာဉ်ကူးတို့) လမ်းတွင် ဩဂုတ် ၁ ရက်မှစ၍ ယာဉ်အမျိုးအစားအလိုက် နှုန်းထားများအား တိုးမြှင့်ကောက်ခံလျက်ရှိကြောင်း သိရသည်။

ဝါးတန်း-ဒလ (ယာဉ်ကူးတို့)လမ်းတွင် ခရီးသည်လက်မှတ်များကိုလည်း ယခင်ကောက်ခံလျက်ရှိသည့် ကျပ် ၁၀၀ မှ ကျပ် ၂၀၀ သို့ တိုးမြှင့်ကောက်ခံကြောင်း၊ စက်ဘီး ကျပ် ၁၀၀၊ ဆိုက်ကား ကျပ် ၂၀၀၊ မော်တော်ဆိုင်ကယ် ကျပ် ၈၀၀၊ နောက်တွဲယာဉ်သုံးဘီး ကျပ် ၁၀၀၀၊ နောက်တွဲယာဉ်လေးဘီး ကျပ် ၂ဝဝဝတို့ကို မူလအတိုင်းသာကောက်ခံကြောင်း သိရသည်။

ယင်းဝါးတန်း-ဒလ (ယာဉ်ကူးတို့)လမ်းတွင် ယာဉ်အမျိုးအစားအလိုက် တိုးမြှင့်ကောက်ခံမှုနှုန်းထားများမှာ တစ်တန်အောက်အိမ်စီးကားများကို ယခင်ကောက်ခံလျက်ရှိသည့် ကျပ် ၂၅၀၀ မှ ၃၇၅၀၊ တစ်တန်နှင့် နှစ်တန်ကြား ယာဉ်များကို ယခင်ကောက်ခံလျက်ရှိသည့် ကျပ် ၃၀၀၀ မှ ၄၅၀၀၊ နှစ်တန်နှင့် သုံးတန်ကြား ယာဉ်များကို ယခင်ကောက်ခံလျက်ရှိသည့် ကျပ် ၄၀၀၀ မှ ကျပ် ၆၀၀၀၊ သုံးတန်နှင့် ခြောက်တန်ကြား ယာဉ်များကို ယခင်ကောက်ခံလျက်ရှိသည့် ကျပ် ၅၀၀၀ မှ ကျပ် ၇၅၀၀၊ ခြောက်တန်နှင့် ၁၂ တန်ကြား ယာဉ်များကို ယခင်ကောက်ခံလျက်ရှိသည့် ကျပ် ၆၀၀၀ မှ ကျပ် ၉၀၀၀ စသဖြင့် တိုးမြှင့်ကောက်ခံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝါးတန်း-ဒလ ကားကူးဇက်ရေယာဉ်သည် နေ့စဉ်အခေါက်ရေ ၁၂ ခေါက်ခွဲပြေးဆွဲလျက်ရှိပြီး ယာဉ်စီးရေနေ့စဉ် ၄၀၀ ခန့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ပုံစာ- မော်တော်ယာဉ်များ ပို့ဆောင်ပေးနေသည့် ဝါးတန်း-ဒလ ကားကူးဇက်ရေယာဉ်အား တွေ့ရစဉ်။ (ဓာတ်ပုံ-မျိုးထွန်း)


READ NEXT
Cancel OK