ဂျပန်ဖက်ရှင်လုပ်ငန်း Honeys Holdings က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် စီစဉ်နေပြီး နှစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်းကျော်ရင်းနှီးမြုပ်နှံရန် စီစဉ်ထားကြောင်း Nikki Asian သတင်းတွင် ဖော်ပြထား သည်။
အဆိုပါ ဂျပန်ဖက်ရှင်လုပ်ငန်း၏ တတိယမြောက် အထည်ချုပ်စက်ရုံကို မင်္ဂလာဒုံစက်မှုဥယျာဉ်တွင် ယခုလအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ၄င်းစက်ရုံ၏ဘေးရှိ မြေဧရိယာ ၁၆၀၀ စတုန်ရန်းမီတာတွင် ထပ်မံတည်ဆောက်မည်ဖြစ် ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါဂျပန်ကုမ္ပဏီမှာ ၄င်း၏အထည်များကို အရှေ့တောင်အာရှနိုင်ငံများတွင် ၉၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်နေခြင်းဖြစ်ပြီး ယင်းတို့အနက် ၄၄ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ စက်ရုံများမှာ အခြားနေရာများထက် စျေးနှုန်းသက်သာစွာထုတ်လုပ်နိုင်ပြီး ယင်းသို့ ထုတ်လုပ်နိုင်မှုမှာ အကြီးမားဆုံးအားသာချက်ဖြစ်သည်ဟု Honeys Holdings ၏ ဥက္ကဋ္ဌ Eisuke Ejiri က ပြောကြားသည်။
၂၀၁၂ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် Honeys Holdings အနေဖြင့် ထွက်ခွာခြင်း မရှိဘဲ ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ယင်းသို့ လုပ်ကိုင်မှုမှာ ဂျပန်ဘီယာ ကီရင်နှုတ်ထွက်မှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု Nikki Asian သတင်းတွင် ဖော်ပြထားသည်။
ကုမ္ပဏီအနေဖြင့် တပ်မတော်နှင့် ဆက်ဆံရေးမရှိဘဲ အလုပ်အကိုင်များကို ဆက်လက်ဖန်တီးပေးထား ခြင်းဖြစ်ကြောင်း ဝေဖန်မှုများအပေါ် Honeys Holdings ဥက္ကဋ္ဌ Eisuke Ejiri က တုံ့ပြန်ပြောကြားသည်။
‘‘ကုမ္ပဏီက တပ်မတော်နဲ့ ဆက်ဆံရေးမရှိပါဘူး။ အလုပ်အကိုင်တွေကို ဆက်လက်ဖန်တီးပေးထားပြီး လူ့အသိုင်းအဝိုင်းကို အကျိုးပြုနေပါတယ်’’ဟု ဥက္ကဌက ပြောကြားကြောင်း Nikki Asian သတင်းတွင် ဖော်ပြ ထားသည်။
ကလေးလုပ်သားစေခိုင်းခြင်း၊ စက်ရုံလုပ်သားများ၏ ကျန်းမာရေးနှင့် လုံခြုံရေး၊ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်ရရှိရေး စသည့်အချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် SCG ကလည်း စုံစမ်းဆောင်ရွက်နေပြီး ပြသာနာမရှိကြောင်း Honeys Holdings ဥက္ကဋ္ဌ Eisuke Ejiri က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ထပ်မံတည်ဆောက်မည့် အထည်ချုပ်စက်ရုံသစ်တွင် တစ်လလျှင် အထည်အရေအ တွက် တစ်သိန်းခန့် ထုတ်လုပ်ရန် လျာထားပြီး စက်ရုံအတွက် အလုပ်သမား ၁၅၀၀ ခန့်ကို အလုပ်အကိုင် ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ထုတ်ကုန်အားလုံးကို ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းကို တရုတ်နိုင်ငံမှ ဝယ်ယူမည်ဖြစ်ကြောင်း Honeys Holdings က ထုတ်ပြန်ကြောင်း Nikki Asian သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်မတိုင်မီတွင် ဒေါ်လာ ၁၁ သန်းကျော်ရင်းနှီးမြုပ်နှံရန် စီစဉ်ထားခြင်းဖြစ် ကြောင်း Honeys Holdings က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
