နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရေဘေးသင့် ပြင်ဦးလွင်မြို့နယ်သို့ သြဂုတ် ၁ ရက်က သွားရောက်ပြီး သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဂဲလောင်းချောင်းအတွင်း ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်၍ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ထိန်းသိမ်းနိုင်ခဲ့သည့် အခြေအနေများ၊ ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်ကြီး ၂၁ ခုအနက် ကိုးခုရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ရာ ရေကျချိန်ကျန်ရှိခဲ့သည့် အမှိုက်သရိုက်နှင့် အနယ်အနှစ်များကို အမြန်ဆုံးရှင်းလင်းနိုင်ရေး မြို့နေပြည်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများ၊ မြို့ဧရိယာအတွင်း ဂဲလောင်းချောင်း စီးဆင်းရာ ၂ မိုင်ခွဲအပါအဝင် BE FALL အထိ ၇ မိုင်အရှည်အား တပ်နယ်မှ တပ်မတော်သားများနှင့် ပူးပေါင်းကာ ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်ရမည့် အခြေအနေများ၊ ပျက်စီးခဲ့သည့် ကျောင်း၊ ဆေးရုံ၊ ခြံစည်းရိုးများနှင့် နေအိမ်အချို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ပြုပြင်ရေး အမြန်ဆုံးဆောင်ရွက်ရမည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတ်မှတ်ထားသော နှုန်းထားဖြင့် ထောက်ပံ့ပေးရန် လုပ်ဆောင်ရမည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ် အလွန်ကာလဆောင်ရွက်ရမည့် နောက်ဆက်တွဲ လုပ်ငန်းများဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုမှစ၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ကွက်အသီးသီးတွင် တစ်ချိန်တည်းတပြိုင်တည်း ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ ရေစီးရေလာကောင်းမွန်ရေးကို နှစ်စဉ်ပုံမှန်ဆောင်ရွက်ခြင်းဖြင့် နောင်ရေကြီးရေလျှံမှုကို တာဆီးနိုင်မည့်အခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်ဖြစ်သော ပြင်ဦးလွင်မြို့သည် အပန်းဖြေမြို့၊ ခရီးသွားမြို့ဖြစ်၍ အမြန်ဆုံးသန့်ရှင်းသပ်ရပ်ကာ အမြန်ဆုံးမူလအခြေအနေ ပြန်ရောက်စေရေး ဆောင်ရွက်ရမည့် အခြေအနေများအား အသေးစိတ်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ရေကြီးရေလျှံဖြစ်ပွား မှုကြောင့် ပျက်စီးမှုများဖြစ်ပွားခဲ့သည့် ပွဲကောက်ရေတံခွန်(BE FALL)၊ ကန်တော်လေးရေထွက်ပေါက်၊ ရေထိမ်းတံခါး၊ ကန်တော်ကြီးအမှတ် (၄) ကန်နှင့် မြို့ပေါ်ရပ်ကွက်များအား လိုက်လံကြည့်ရှုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
