ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မွေးဖွားသည့် ဆင်အထီးကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ရှစ်ချက်အနက် ခုနစ်ချက် ကိုက်ညီမှုရှိသည့်အတွက် ဆင်ဖြူတော်အဖြစ် သတ်မှတ်ကြောင်း သြဂုတ် ၂ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် (၃၃) နှစ်က ထူးခြားအသွင်သဏ္ဍာန်ရှိသည့် ဆင်ဖြူတော် (အထီး) ကလေး တစ်စီးအား ဇူလိုင် ၂၃ ရက် နံနက်ပိုင်း ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်ကလေးမှာ အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကျောအလျား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆လက်မနှင့် မွေးဖွားစ ကိုယ်အလေးချိန် ၁၈၀ ပေါင်ခန့်ရှိကြောင်း သိရသည်။
ရှေးသမိုင်းပညာရှိများ၏ မိန့်ဆိုချက်များအရ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများသည် မျက်လုံး ပုလဲရောင်၊ ငှက်ပျောကိုင်း သဏ္ဍာန်ကျောကုန်း၊ အဖြူကဲ့သို့ အမွှေးရောင်၊ အမြီးမှာ တခါးပိတ်လက်ဝါးပုံသဏ္ဍာန်၊ အရေပြားဩဇာကွက်၊ အသားအရေ ပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း ငါးခုစီပါပြီး နားရွက်မှာ နားကြီးခြင်းတို့ ရှိရမည်ဖြစ်ကြောင်း အချက် ရှစ်ချက်ဖြင့် ဖော်ပြထားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းဖော်ပြပါ ရခိုင်ပြည်နယ်တွင် ထပ်မံပေါ်ထွန်းသည့် ဆင်ဖြူတော်(အထီး) ကလေးသည် ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများအနက် မျက်လုံး ပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတခါးပိတ် ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်းတို့ကြောင့် ဆင်ဖြူတော်ကလေးမှာ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများနှင့် ကိုက်ညီမှုရှိကြောင်းနှင့် အချက် ရှစ်ချက်တွင် ခုနစ်ချက် ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ပါရှိသည်။
ယခင်ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ကိုးစီးတွင် ပထမဆုံးပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် တစ်စီးသာ ကြန်အင်လက္ခဏာ ခုနစ်ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန်ဆင်ဖြူတော် ရှစ်စီးမှာ အများဆုံး ခြောက်ချက်သာ ကိုက်ညီသည်ကို စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုပေါ်ထွန်းလာသည့် ဆင်ဖြူတော်ကလေးမှာ အသက် ၁၀ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၅ လက်မခွဲခန့်နှင့် ကိုယ်အလေးချိန် ၁၉၀ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
