မန္တလေးမြို့တွင် အုပ်စုဖွဲ့လှည့်လည်၍ လိမ်ညာအလှူခံနေသည့်အဖွဲ့အား သာသနာထိန်းသိမ်းရေးအဖွဲ့မှ သြဂုတ် ၁ ရက်က ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဝါးတန်းရပ်စျေးအတွင်း၌ သြဂုတ် ၁ ရက် နံနက်ပိုင်းက အလှူခံအဖွဲ့လူပုဂ္ဂိုလ်များမှ ဝင်ရောက်၍အလှူခံနေကြောင်း အသိပေးလျှောက်ထားလာခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ် သံဃအဖွဲ့အစည်းမှ ဆရာတော်များက ကြွရောက်ထိန်းသိမ်းခဲ့ရာ အုပ်စုဖွဲ့လိမ်လည်အလှူခံနေသူများအနက်မှ လူကိုးဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျန်သူများမှာထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သာသနာထိန်းသိမ်းရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အုပ်စုဖွဲ့၍ အလှူခံဂိုဏ်းပုံစံဖြင့် လိမ်ညာအလှူခံနေသည့်အဖွဲ့အား ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းရေးအဖွဲ့မှ ဆရာတော်သံဃာတော်များမှ ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်ခဲ့ပြီးနောက် စစ်ဆေးခဲ့ရာ ယင်းအလှူခံအဖွဲ့မှာ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၏ ထောက်ခံချက်များပါရှိလာခဲ့ကြောင်း၊ ထိုသို့ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့၏ ထောက်ခံချက်များပါရှိလာမှုကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အဆင့်ဆင့်မေးမြန်းခဲ့ရကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့မေးမြန်းခဲ့ရာတွင်လည်း သက်ဆိုင်ရာအလိုက် ထောက်ခံချက်များပါဝင်နေသဖြင့် ထောက်ခံချက်ပေးခဲ့ခြင်းဖြစ်သည်ဟု အကြောင်းပြန်ကြားလာခဲ့ကြောင်း၊ အလှူခံအဖွဲ့အစည်းအသီးသီးတို့အား ခွင့်ပြုမိန့်ပေးရာ၌ သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့မှလွဲ၍ မည်သည့်ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ အလှူခံခွင့်ပြုမိန့် ပေး၍ မရကြောင်း၊ အလှူခံအဖွဲ့အား ဆက်လက်စစ်ဆေးခဲ့ရာတွင် မူလအလှူခံဌာနမှာ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်အုပ်စု ရေတံခွန်တောင်မှဖြစ်ကာ လာရောက်အလှူခံသူများသည် ပြည်ကြီးတံခွန်မြို့နယ် အောင်သာယာမြို့သစ်မှ ဖြစ်နေကြောင်း၊ ထို့ပြင် ၎င်းအလှူခံအုပ်စုမှ အကြောင်းအရာအမည်နာမ မျိုးစုံတို့ဖြင့် လိမ်ညာအလှူခံခဲ့များကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ အလှူခံရရှိသည့် ငွေပမာဏမှာလည်း ငွေကျပ် သိန်းဂဏန်းအထိ အလှူရှင်များထံမှ အလှူငွေကောက်ခံခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း အစရှိသဖြင့် ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ထိုကဲ့သို့ အုပ်စုဖွဲ့၍ အလှူခံဂိုဏ်းပုံစံဖြင့် လှည့်လည်လိမ်ညာ၍ အလှူခံနေသည့် လူပုဂ္ဂိုလ်များအား သက်ဆိုင်ရာရပ်ကွက်ရုံး၌ ခံဝန်ကတိထိုးခိုင်းကာ အလှူခံရာတွင်ပါဝင်သည့် သင်္ကန်းဝတ်တစ်ပါးအား မြို့နယ်သံဃနာယကရုံးတွင် ခံဝန်လက်မှတ်ရေးထိုးစေခဲ့ပြီး နောက်နောင်မပြူလုပ်ရန် ဆုံးမ၍လွတ်ပေးခဲ့ကြောင်း အဆိုပါ သာသနာထိန်းသိမ်းရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
"ချမ်း/စံမြို့နယ် သံ/စည်းအဖွဲ့ဆိုသည်မှာ အလုပ်တစ်ခု ဆောင်ရွက်ကြတိုင်း ပေါ့ပေါ့လျော့လျော့ မလုပ်ဆောင်တတ်ကြ၊ မည်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းကိုမှ ငဲ့နေမည်မဟုတ်၊ လုပ်စရာ ရှိလျှင် တိတိကျကျ လုပ်ဆောင်တတ်သည်"ဟု သာသနာထိန်းသိမ်းရေးအဖွဲ့မှ မိန့်ကြားထားသည်။
"မန္တလေးမြို့မှာ အခုလို နိုင်ငံရေးအကျပ်အတည်းကာလမှာ ပြည်သူတွေက အခက်အခဲမျိုးစုံနဲ့ ဖြတ်သန်းနေကြရတာ။ အခက်အခဲအကျပ်အတည်းကာလမှာ ဓါးပြတိုက်မှုတွေနဲ့ ခိုးဆိုးလုနှိုက်တွေကလည်း မကြာခဏဆိုသလိုဖြစ်နေသေးတယ်။ နောက်ပြီး အခုလို လိမ်ညာပြီးအလှူခံစားနေကြတဲ့အဖွဲ့တွေကလည်း နေ့စဉ်လိုလို အမည်နာမအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ကြားနေရ ကြုံနေသေးတယ်။ အခုလို လိမ်ညာပြီးအလှူခံနေတဲ့အဖွဲ့အစည်းတွေကို ခံဝန်ထိုးတာလောက်တင်မကဘဲ သက်ဆိုင်ရာဥပဒေနဲ့ပါ ထိထိရောက်ရောက်အရေးယူသင့်ပါတယ်"ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
