ကချင်ပြည်နယ်၊အင်းတော်ကြီးဒေသ၊နန့်မွန်းမြို့မှာ ဒုတိယအကြိမ် တောင်ကျရေးထပ်ကြီးခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။ သြဂုတ်လ ၂ ရက် မနက်ပိုင်းမှ စတင်ရေကြီးခဲ့ပြီး လွန်ခဲ့သည့်ဇူလိုင်လ ၈ ရက်နေ့က စံချိန်တင်ရေးကြီးခဲ့သည့် အခြေအနေကို ရောက်လုနီးဖြစ်ခဲ့ကြောင်း နန့်မွန်းမြို့ဒေသခံ ဦးဆန်းလင်းစိုးက ဆိုပါသည်။ ယင်းက '' တမနက်လုံး မိုးရေ၊လေရော ချနေတာ။ ရေကတော့ ချောင်းဘေး တစ်မြို့လုံးနီးပါး မြှုပ်သွားတယ်။ ပထမရေကို မီဖို့ နည်းနည်းလိုပါသေးတယ်။အိမ်ထဲ၊ဆိုင်ထဲ နွံတွေဝင်ကုန်တယ်။ ပထမရေတုန်းက ဆုံးရှုံးမှုတွေများလွန်းတော့ ပစ္စည်းအထိအခိုက်တော့ နည်းသွားတယ်။ပထအကြိမ်ကတော့ ကျနော်ကိုယ်တိုင် သိန်းလေးဆယ်လောက်ထိတယ်။ ကုန်စုံရောင်းတဲ့ ဆိုင်တွေက ဘိလပ်မြေတွေရေစိုကုန်တယ်။ ရပ်ရွာထဲက လူတွေယူပြီးတစ်အိမ် တစ်ထောင်နှင့် လမ်းခင်းလိုက်ကြရတယ်''ဟု ပြောကြားသည်။
နန့်မွန်းမြို့ခံများ သုံးသပ်ချက်အရ နန့်မွန်းတောင်ကျချောင်းတွင် ကျောက်အလွန်အကျွံထုတ်ခြင်း၊နန့်မွန်း-ဟိုပင်ကားလမ်းချဲထွင်ရာတွင် တောင်ကြောလမ်းတစ်ခုလုံး မြေစာဖယ်ရှားရာတွင် ချောင်းဖျားအတွင်း သို့ ဖြိုချခဲ့ခြင်း၊ နန့်မွန်းမြို့အတွင်း ချောင်းစီးဆင်းရာ လမ်းတစ်လျှောက်တွင် လူနေအိမ်များကချောင်းနေရာကျူးကျော်သဖြင့် ကျဉ်းသွားခြင်း၊ ချောင်းဘေး လယ်သမားများက တစ်ပိုင်တစ်နိုင်ရေလွဲဆည်များ ပြုလုပ်နေကြခြင်းကလည်း မြို့တွင်ရေ အဆမတန် မြှင့်တက်စေသည့် အကြောင်းအရင်းဖြစ်ကြောင်း သုံးသပ်ကြသည်။မြို့ခံတစ်ဦးက '' အင်းတော်ကြီး အနောက်လမ်းကို လမ်းလုပ်တော့ ဒီချောင်းတစ်ခုထဲက ကျောက်တွေပဲ အလွန်အကျွံထုတ်သွားတယ်။ အရင်က ကျောက်ခဲတွေက ချောင်းဖျားကတောင်နံရံတွေကို သဘာဝစီထားသလို ထိန်းထားတယ်။ အခုက အဲဒီ ကျောက်နံရံတွေ မရှိဘူး။ချောင်းကကတုံးကြီးဖြစ်သွားတာပေါ့။ ရှိတဲ့မြေဆီလွှာတွေက ရေနဲ့အတူ ပါလာ။အိမ်တွေထဲ နွံတွေ သွန်ထားတဲ့အတိုင်းပဲ။အရင်ကျောက်မထုတ်ခင်က ဒီချောင်းက ရေကြည်ပဲတိုးတာ။အခုက နွံတွေချည်းပဲ။ ချောင်းကို ချဲ့ဖို့တော့ရပ်မိ ရပ်ဖတွေစုပြီး နေအိမ်တွေ နောက်ဆုတ်ရင် အဆင်ပြေနိုင်ပါတယ်။ လယ်ပိတ်တဲ့ ချောင်းဆည်တွေကိုလည်းယာယီ သေသေချာချာ လုပ်နိုင်ကြရင် အဆင်ပြေသွားမယ်။အပြင်ရင်တော့ ဒီအတိုင်းပဲ ဆက်ဒုက္ခခံနေကြရမယ်ဗျ''ဟု ဆိုသည်။
နန့်မွန်းမြို့နှင့် ဆယ်မိုင်ခန့်သာ ဝေးသည့် မိုးညှင်းမြို့တွင် မိုးရေချိန်လက် မရှိသလောက်ဖြစ်နေခဲ့ပြီး နေရာကွက် မိုးကြီးခဲ့ခြင်းသာ ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ရုံးကတာဝန်ခံ ဦးသန်းဝင်းက ဆိုပါသည်။
'' မိုးက နေရာကွက်ကြီးတဲ့ အခြေအနေပါ။ ကျနော့ရုံးမှာတော့ မိုးဖွဲ့၊လျှပ်စီးရှိ လောက်ပဲဖြစ်ပါတယ်။ထူးခြားတာက အခုရွာတဲ့မိုးက အိန္ဒိယဘက်က လာတဲ့ တိမ်တိုက်ကြောင့်ပါ။ အရင် ဇူလိုင် ၈ ရက်နေ့မှာ ဖြစ်တာက တရုတ်ဘက်က လာတဲ့ တိမ်တိုက်ကြောင့်ပါ။ ခန့်မှန်းမိုးရေချိန် လက်မကတော့ နှစ်လက်မ ဝန်းကျင်လောက် မှန်းတာပေါ့''ဟု ဆိုသည်။
လွန်ခဲ့သည့် ဇူလိုင်လ၈ ရက်နေ့က မိုးညှင်းမြို့နယ်၊နန့်မွန်းမြို့တွင် တောင်ကျရေ စံချိန်တင် ရေကြီးခဲ့ပြီး အလျားပေ ၃၀ ၊အနံ ၁၅ ပေတံတား တစ်စင်း ရေမျှောပါမှု၊ နန့်တဲဘုန်းကြီးကျောင်းသွားလမ်း ကိုယ်ထူကိုထ ကွန်ကရစ်တံတားတစ်စင်း ကျိုးကျမှု ၊လယ်ပုံတန်း-ထောပတ်ကုန်းလမ်း အလျားပေ ၆၀၀၊ အကျယ် ပေ ၄၀ ရေတိုက်စားပျက်စီးမှု၊ လယ်ပုံတန်းအနောက်ပိုင်း အလျားပေ ၁၀၀ ၊အကျယ် ပေ ၁၈ လမ်းပိုင်း ရေတိုက်စားပျက်စီးမှု ၊အမှတ် ၂ ရပ်ကွက် သွပ်ကာ ခြံစည်းရိုး ပေ ၅ဝအပျက်စီးမှု၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြစ်ချောင်းဖြိုး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် မြေထိန်းနံရံ ပြိုကျပျက်စီးမှု များ ပျက်စီးခဲ့ပြီး ခန့်မှန်းတွက်ချက်မှုများအရ ကျပ်သိန်း ၃၅၀ ဝန်းကျင်ရှိခဲ့ကြောင်းသိရသည်။
အင်းတော်ကြီးဒေသ ဟဲပုကျေးရွာ ဝန်းကျင်တွင် လွန်ခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့ကလည်း နေရာကွက် မိုးကြီးခဲ့ရာ နေအိမ်တစ်လုံး၊အိမ်မွေး တိရစ္ဆာန်များ ရေထဲမျှောပါခြင်း၊ လယ်ဧက ၆၀ ခန့် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
