မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်၊ ရွှေနံ့သာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ ၎င်းတို့၏ကားပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ခံရမှုသြဂုတ် ၂ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါကျေးရွာတွင် နေထိုင်သူများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးအမည်မှာ ဦးဝင်းနိုင်ထွန်းဆိုသူဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်ဟေမာလွင်တို့ဖြစ်ကာဆိုင်ကယ်သုံးစီးဖြင့် စီးနင်းလာသည့် လူခြောက်ဦးက သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်းဖြစ်ကြောင်း ပုလဲမြို့သစ်တွင် နေထိုင်သည့် ဒေသခံများက ပြောကြားခဲ့သည်။
ပုလဲမြို့သစ်တွင် နေထိုင်သူတစ်ဦးက " အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့ဇနီးရော သေနတ်နဲ့ ပစ်သတ်ခံရတာ ဟုတ်တယ်။ ရင်ဘတ်တွေ ခေါင်းနေရာတွေမှာ သေနတ်ကျည်ဒဏ်ရာတွေ များတယ်။ ကားပေါ်မှာပဲ အပစ်ခံရတာ။ ပစ်တဲ့လူက ခြောက်ယောက်လောက်က ဝိုင်းပစ်တာလို့ ရွာထဲမှာနေတဲ့သူတွေ ပြောလို့သိရတယ်။ ကလေးတွေကတော့အန္တရာယ်ကင်းပါတယ် " ဟုပြောကြားခဲ့သည်။
အဆိုပါအုပ်ချုပ်ရေးမှူးသည် ရွှေနံ့သာကျေးရွာအုပ်စု၊ပေါင်ကူးညာဏရပ်ကွက်၊ စဓဗဝ ဘုန်းကြီးကျောင်းအနီးတွင် နေထိုင်သူများဖြစ်ပြီး အခင်းဖြစ်နေ့နံနက်ပိုင်း၌ သားနှင့်သမီးအား ကားဖြင့် ကျောင်းပို့ရန် စဓဗဝကျောင်းအနီးတွင် ကားပြန်ကွေ့နေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယင်းအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့တွင် သေနတ်ဒဏ်ရာ အများအပြားတွေ့ရှိခဲ့ပြီး သားနှင့်သမီးတို့မှာ ထိခိုက်မှုမရှိကြောင်း မျက်မြင်တွေ့လိုက်သူ ဒေသခံတစ်ဦးက ပြောကြားခဲ့ပြီး
၎င်းတို့ကားတွင် သေနတ်ကျည်ပေါက်ရာ အချက်ရေ ခြောက်ချက်ခန့်မနည်းတွေ့ရှိခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
