မက်ဒရစ်၊အောက်တိုဘာ ၁၀
ဂရင်းစလမ်းချန်ပီယံ ဆုကို ၂၂ ကြိမ်ရထားသူ စပိန်နိုင်ငံသား တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်သည် နိုဝင်ဘာလ၌ကျင်းပမည့် Davis Cup ဗိုလ်လုပွဲအပြီးတွင် အားကစားလောကမှ အနားယူတော့မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့ကကြေငြာခဲ့သည်။
“ဒီဆုံးဖြတ်ကိုချဖို့ အချိန် နည်းနည်းယူပြီးစဉ်းစားခဲ့ရပါတယ်၊ကျွန်တော့်အတွက်တော့ အင်မတန်ဆုံးဖြတ်ရခက်ခဲတဲ့အရာပါ၊ဒါပေမဲ့ ဒီလောကကြီးမှာ ဘယ်ဟာမဆို အစရှိရင်အဆုံးလဲရှိတာပဲလေ” ဟုလည်း အသက် ၃၈ နှစ်အရွယ်ရှိ ၎င်းကဆိုသည်။
နာဒယ်လ်သည် France Open ပြိုင်ပွဲတွင် စံချိန်တင်အနေဖြင့် ဆုဖလား ၁၄ ခုအထိရရှိထားပြီး US Open ပြိုင်ပွဲတွင် ဆုဖလား ၄ ခုနှင့် ဩစတြေးလျတွင် ဆုဖလား ၂ ခုတို့ အသီးသီးရရှိထားပြီး Wimbledon တွင်လည်း နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိထားသူတစ်ဦးဖြစ်သည်။
နာဒယ်လ်သည် ရော်ဂျာဖက်ဒါရာနှင့် နိုဗက်ဂျိုကိုဗစ်တို့နှင့် စင်ပြိုင်တက်လာခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းတို့သုံးဦးကို အမျိုးသားတင်းနစ်လောကတွင် Big Three ဟုလူသိများကာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
