ငွေလဲကောင်တာများအနေဖြင့် နိုင်ငံငွေရောင်းဝယ်ရာတွင် ဗဟိုဘဏ်၏ ပျမ်းမျှသတ်မှတ်ထားသည့် FX Trading rate အတိုင်း ဝယ်ယူရောင်းချကြရန် ညွှန်ကြားထားကြောင်း သိရသည်။
Money Changer များတွင် ဒေါ်လာရောင်းခြင်း၊ ဝယ်ခြင်းနှင့် ပတ်သက်၍ ပုံသေနှုန်းထား ညွှန်ကြား သတ်မှတ်ထားခြင်း ရှိမရှိ မီဒီယာများ၏ မေးမြန်းချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။
အဆိုပါ ညွှန်ကြားချက်အရ နိုင်ငံခြားငွေများ ဝယ်ယူခြင်း၊ရောင်းချခြင်း ၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် ဝယ်ဈေးကို မြန်မာနိုင်ငံတေယ်ဗဟိုဘဏ်၏ FX Trading Platform တွင် တင်ပြချက်များအပေါ် တွက်ချက်ထားသော Optimum Level ရှိ Average rage အရသတ်မှတ်ထားသည့် FX Trading rate အတိုင်းသတ်မှတ်ပြီး ရောင်းဈေးကို သတ်မှတ်ရာတွင် FX Trading Rate +10 ကျပ်ဖြင့်အမြင့်ဆုံးထား၍ ရောင်းချကြရန် သတ်မှတ်ပေးထားကြောင်း သိရသည်။
လက်ရှိ FX Trading rate တွင် စက်တင်ဘာ (၃၀) ရက်တွင် ကျပ် (၃၅၂၉) ဖြစ်ပြီး အတတ်အကျရှိနေမည်ဖြစ်ပြီး FX Trading rate ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် Websites တွင်ဖော်ပြပေးထားပြီး Money Changer ၏ Board များတွင်လည်း ကြေညာထားပြီးဖြစ်ကာ ပုံသေ (၃၅၀၀) ကျပ် ဝန်းကျင်ဆိုပြီး သတ်မှတ်ထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြားထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးနှုန်းတည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ (၂၀၁၃) ခုနှစ်နှင့်အညီ ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီးနိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်အား ဘဏ်များကိုသော်လည်းကောင်း၊ ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများကိုသော်လည်းကောင်း၊ လိုင်စင်ချထားပေးပြီး စီစဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း လည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
