မြန်မာနိုင်ငံပြည်တွင်း သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၅ .၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နံနက် (၁၁)နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ အောက်တိုဘာ(၁၁) ရက်၊ နံနက် (၁၁) နာရီ၊ (၁၀) မိ နစ်၊ (၅၆) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၁)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာချက်အရ သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို အမရပူရ၊ ရွှေဘို၊ ပြင်ဦးလွင်၊ ချမ်းမြသာစည်၊ စဉ့်ကိုင်၊ ပြည်ကြီးတံခွန်၊ မြစ်ငယ်၊ အောင်မြေသာဇံမြို့နယ်တို့တွင်လည်း သိရှိခံစားရကြောင်း ဒေသခံများထံမှ သိရသည်။
ကမ္ဘာပြတ်ရွေ့ရပ်ဝန်းများတွင် အင်အားပြင်းမြေငလျင် မဂ္ဂနီကျု (၆.၅) နှင့်အထက် ငလျင်လှုပ်ခတ်နိုင်သောကြောင့် အထူးသတိပြုကြရန်လည်း မြေငလျင်သတင်းများစင်တာမှ ယမန်နေ့ အောက်တိုဘာ (၁၀)ရက်က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ငလျင်တစ်ခု လှုတ်ခတ်မှုကြောင့် မိမိပတ်ဝန်းကျင်တွင် ထူးခြားမှု ဖြစ်စဉ်များရှိခဲ့ပါက ဆက်သွယ်အကူညီတောင်းခံနိုင်ပါကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီး ကော်မတီမှလည်း အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
