မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံတွင်း အလုပ်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသား အလုပ်သမားများ၏ လူမှုအကျိုးခံစားခွင့်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မလေးရှားနိုင်ငံရှိ သံရုံးများ၏ ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ လူမှုဖူလုံရေးအဖွဲ့အစည်းမှ ကျင်းပပြုလုပ်သည့် မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများ၏ အကျိုးခံစားခွင့် မျှော်မှန်းချက်ဆိုင်ရာ နေ့လယ်စာစားပွဲကို ကွာလာလမ်ပူမြို့ရှိ Sheraton Imperial KL Hotel ၌ အောက်တိုဘာ (၁၀)ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ခြင်း ဖြစ်သည်။
၎င်းနေ့လယ်စာစားပွဲကို မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် အလုပ်သမားသံအရာရှိ နှစ်ဦးနှင့်အတူ တက်ရောက်ခဲ့ပြီး၊ နိုင်ငံခြားသားအလုပ်သမားများ၏ လူမှုအကျိုးခံစားခွင့်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား အခြားတက်ရောက်လာသူများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ လူမှုဖူလုံရေးအဖွဲ့အစည်းမှ ဥက္ကဋ္ဌ Dato’ Sri Subahan Kama၊ အမှုဆောင်အရာရှိချုပ်/ညွှန်ကြားရေးမှူးချုပ် Dato’ Sri Dr. Mohammed Azman Aziz Mohammed တို့အပြင် မလေးရှားနိုင်ငံရှိ အခြားသံရုံးများမှ ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
