ဂျကာတာ၊အောက်တိုဘာ ၁၀
တရုတ်နိုင်ငံရှိ ဖေါက်သည်များထံမှ ဒေါ်လာ ၁၄ ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုကို လိ-မ်လည်ခဲ့သဖြင့် ပေကျင်းကအလိုရှိနေသည့် တရုတ်လူမျိုးသံသယတရားခံကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိလူဝင်မှုကြီးကြပ်ရေးအရာရှိများက ဖမ်းဆီးခဲ့ကြောင်းသိရသည်။
LQ ဟုသာသိရသော အသက် ၃၉ နှစ်အရွယ်ရှိအဆိုပါအမျိုးသားကို ဘာလီရှိ Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် စင်္ကာပူသို့သွားရန်ပြင်နေချိန်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် စက်တင်ဘာလနှောင်းပိုင်းကတည်းက အင်တာပိုလ်၏ဖမ်းဝရမ်းတွင်ပါဝင်နေသူတစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ဘာလီထဲသို့ တုကီယေးနိုင်ငံသား ဂျိုလင်းအဖြစ်ဝင်ရောက်လာခြင်းဖြစ်ပြီး ပြန်ထွက်ခါနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းလည်းဖြစ်သည်။
လက်ရှိအချိန်တွင် သံသယတရားခံအား ဖမ်းဆီးထိန်းသိမ်းထားရုံသာရှိပြီး ၎င်းကလည်း တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိသလို အာဏာပိုင်များဘက်ကလည်း စစ်ဆေးမေးမြန်းမှုများပြုလုပ်ခြင်းမျိုးမရှိခဲ့ပေ။
“ရာဇဝတ်မှုကျူးလွန်ထားပြီး ရင် အင်ဒိုနီးရှားမှာ ရှောင်ဖို့နေနေသာသာ လေယာဉ်ပြောင်း စီးတာတောင်လာလုပ်လို့မရဘူးဆိုတာ ဒီဖြစ်စဉ်ကသက်သေပါပဲ” ဟုလည်း အာဏာပိုင်များထဲမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
“လောလောဆယ်တော့ သံသယတရားခံကို တရုတ်ကိုပြန်လွှဲပေးဖို့ဆိုတာက အချိန်ယူရပါဦးမယ်၊ဘာဖြစ်လို့လဲဆိုရင် သူကတကယ်ပဲ တုကီယေးနိုင်ငံသားလား ဒါမှမဟုတ် ပက်စ်ပို့တ်ထ်အတုနဲ့ဝင်လာတာလားဆိုတာအတည်ပြုရဦးမှာပါ၊လတ်တလောအခြေအနေအရတော့ သံသယတရားခံအဆင့်သာရှိသေးပြီး အင်ဒို နီးရှားဥပဒေကိုချိုးဖောက်ထားတာမျိုးလည်းမရှိတာမို့ သူ့ရဲ့အခွင့်အရေးကို စောင့်ထိန်းပေးထားရဦးမှာပါ” ဟုလည်း ပြောကြားခဲ့သည်။
ယခုထိန်းသိမ်းခံထားရသည့်သံသယတရားခံသည် တရုတ်နိုင်ငံမှအလိုရှိနေသူမှန်ပါက ၎င်းသည် တရုတ်ရှိ လူပေါင်း ၅၀,၀၀၀ ကျော်ထံမှ ယွမ် သန်း ၁၀၀ (ဒေါ်လာ ၁၄ ဘီလျံ) ခန့်ကို လိ-မ်လည်ထားသူတစ်ဦးလည်းဖြစ်သည်။
Source : အေပီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
