တရုတ်သို့ အဓိကထား တင်ပို့နေရသည့် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် သစ်သီးများကို ပြည်ပဈေးကွက်ထက် ပြည်တွင်းဈေးကွက်တစ်ခုတည်းကိုသာ အားထားရမည်ဖြစ်ကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
သစ်သီးဝလံများကို အညာဒေသတွင် အများဆုံး စိုက်ပျိုးလေ့ရှိပြီး အဆိုပါဒေသများသည်လည်း ပဋိပက္ခများကြောင့် မစိုက်ပျိုးနိုင်သလို စိုက်ပျိုးထွက်ရှိသည့်သစ်သီးများကိုလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
” အသီးတွေက အညာဘက်နေထွက်တာများတယ်။ အဲဒီကနေပဲစိုက်ကြတာများတယ်။ တဖြည်းဖြည်းနဲ့ စိုက်ပျိုးထုတ်လုပ်မှုကလည်း အားနည်းလာတယ်။ ယိုးဒယားဘက်ဆိုရင်လည်း လမ်းကမပွင့်ဘူး။ ပွင့်တဲ့လမ်းကြောင်းကျတော့လည်း တန်ဆာခဈေးကြီးတယ်။ တရုတ်ဘက်ကျတော့လည်း လုံးဝမသွားနိုင်ဘူး။ ပြည်တွင်းဈေးကွက်ကိုပဲအားထားရမှာ။ ပြီးတော့တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးမှုလျော့ကျလာတယ်”ဟု ညီသုတသစ်သီးပွဲရုံမှ ပွဲရုံပိုင်ရှင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။
ပြည်တွင်း၌စိုက်ပျိုးထွက်ရှိသည့် သစ်သီးဝလံများကို ယခင်က ရှမ်းပြည်နယ်(မြောက်ပိုင်း)မှတဆင့် တရုတ်သို့ အဓိကတင်ပို့ခြင်းဖြစ်ပြီး ယခုအခါ တိုက်ပွဲများကြောင့် တင်ပို့နိုင်ခြင်းမရှိသလိုရှမ်းပြည်နယ်(အရှေ့ဘက်)ရှိ မိုင်းလားမှတဆင့်တင်ပို့နေရခြင်း ဖြစ်သည်။
မကြာခင် ဖရဲ၊ သခွားရာသီသို့ ရောက်ရှိတော့မည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ နှစ်စဉ် နိုဝင်ဘာလမှ မေလအထိ ပုံမှန်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
